Tuesday, 7 May 2013

အိန္ဒိယနာမည်ကျော်စတန့်သမား စတန့်ပြကွက်ပြသစဉ် သေဆုံး”

Photo: အိန္ဒိယနာမည်ကျော်စတန့်သမား စတန့်ပြကွက်ပြသစဉ် သေဆုံး”
Tuesday, May 7, 2013

အိန္ဒိယနိုင်ငံမှ နာမည်ကျော် စတန့်သမား တစ်ဦးသည် လူအများရှေ့တွင် စွန့်စွန့်စားစား စတန့်ပြကွက်တစ်ခု ပြုလုပ်နေစဉ် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်းတွင်ပင် ဖော်ပြခြင်း ခံခဲ့ရဖူးသည့် စတန့်သမား ဆိုင်လန်ဒရာ နက်သ်ရွိုင်းသည် အနောက်ဘင်္ဂလား ဒေသရှိ တီစတာမြစ်ကို တွဲလောင်းချထားသည့် အနေအထားဖြင့် အမြင့်မှ ဖြတ်ကူး
ပြရန် ကြိုးစားရင်း လမ်းတစ်ဝက်တွင် သေဆုံးသွားခြင်း ဖြစ်သည်။

၎င်း၏ ပိုနီတေး ကျစ်ဆံမြီး ဆံပင်ကို တွဲချည်ထားသည့် ကြိုးတန်းအတိုင်း
မြစ်ပေါ်မှ ကျော်ဖြတ်စဉ် နက်သ်ရွိုင်းမှာ ယခုလို ကွယ်လွန်သွားခြင်း ဖြစ်
သည်။

စတန့်ပြကွက်အတွင်း အလွန်ဆိုးရွား ပြင်းထန်သော နှလုံးဖောက်ပြန်မှုဖြင့် နက်သ်ရွိုင်း အသက်ဆုံးရှုံးသွားကြောင်း ရဲများက ဆိုသည်။

Planet Myanmar Network

No comments:

Post a Comment