Monday, 27 May 2013

ဘီယာသောက်ပြီး အသိလွတ်နေချိန်တွင် သားမယားအဖြစ်ပြုကျင့်

၂၄.၅.၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နေ မxxxx(၁၇)နှစ်သည် အဖွားဖြစ်သူနှင့်အတူ ဓမ္မိကရာမကျောင်းတိုက်သို့ ဆွမ်းပို့သွားခဲ့ပြီး ဘုန်းကြီးကျောင်းတွင် အဖွားဖြစ်သူအား ထားခဲ့ကာ တစ်ရပ်ကွက်တည်းနေ သူငယ်ချင်းဖြစ်သူ မxxxx၏ ဆိုင်ကယ်ဖြင့် မြို့ထဲသို့ သွားရောက်လည် ပတ်ခဲ့သည်။ ထို့နောက် သူငယ်ချင်းဖြစ်သူမှ ကျောင်းကြီးစုရပ်ကွက်နေ ၎င်း၏ရည်စားဖြစ်သူ
အကော်ဆိုသူထံ အကြွေးသွားပေးမည်ဟုပြောပြီး လိုက်ခဲ့ရန်ခေါ်သဖြင့် ကျောင်းကြီးစုရပ်ကွက်၊ ရွာလယ်လမ်းရှိ အကော်၏ နေအိမ်သို့လိုက်သွားခဲ့သည်။ ညနေ ၁၇၀၀ အချိန်ခန့် အကော်၏နေအိမ်သို့ရောက်ရှိပြီး ၄င်းနေအိမ်တွင် အကော်၏အစ်ကိုဖြစ်သူ ကိုဖိုးခွါးနှင့်တွေ့ဆုံကာ နေအိမ်အပေါ်သို့ တက်ရန်ပြောသဖြင့် နေအိမ်ပေါ်သို့ တက်ရောက်ထိုင်နေစဉ် ကိုဖိုးခွါးမှ ဘီယာသွားဝယ်မည်ဟုပြောဆိုခဲ့သည်။ ၁၅ မိနစ်ခန့်အကြာ ဘီယာဝယ်ပြီး ပြန်ရောက်လာကာ နောက် ၁၅ မိနစ်ခန့်အကြာတွင် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်နေ တရုတ်(ခ) မြတ်စိုးလင်း(၁၉)နှစ် ထပ်မံရောက်ရှိလာသဖြင့် ၎င်းတို့ ၄ ဦး ဘီယာအတူသောက်ခဲ့၍ ၂၁၃၀ အချိန်ခန့် သူငယ်ချင်းဖြစ်သူ မxxxxမှာ ဆိုင်ကယ်ပြန်ထားမည်ဟု ပြောဆိုကာ ကိုဖိုးခွါးနှင့်အတူ ထွက်သွားခဲ့သည်။ မxxxxနှင့် တရုတ်(ခ)မြတ်စိုးလင်းတို့ ၂ ဦးတည်းကျန်ခဲ့စဉ် မxxxxမှ ခေါင်းကိုက်ကြောင်းပြောရာ တရုတ်(ခ)မြတ်စိုးလင်းမှ ၎င်းပေါင်ပေါ်တွင် အိပ်ရန်ပြောဆိုသဖြင့် အိပ်နေစဉ် မxxxxအား ဧည့်ခန်းရှိ အိပ်ယာပေါ်သို့ပွေ့ချီကာ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့သဖြင့် အရေးယူပေးပါရန် တိုင်ကြားခဲ့ သောကြောင့် တရုတ်(ခ)မြတ်စိုးလင်းအား တောင်ကြီးအမှတ်(၁)ရဲစခန်း(ပ)၁၂၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment