Monday, 20 May 2013

၈၈အရေးတော်ပုံ မှတ်တမ်းပုံရိပ်မြင်ကွင်းနဲ့ ‘ကောင်းကျိုးကိုယ်၌ တည်စေမင်း’ရုပ်ရှင် ဇာတ်ကားရိုက်ကွင်း



မြင့်မိုရ်ဦး ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက် ကူးတဲ့ ‘ကောင်းကျိုးကိုယ်၌တည်စေမင်း’ ရုပ်ရှင် ဇာတ်ကားကို နှစ်ဆန်းတစ်ရက်နေ့က စတင်ပြီး မန္တလေး မြို့အုန်းချောမှာ ရိုက်ကူးခဲ့ပါတယ်။ မဖြိုးစီစဉ်ပြီး ဇော်မြင့်ဦးရဲ့ ဇာတ်လမ်းဇာတ် ညွှန်းကို ခန့်စည်သူ၊ ခိုင်သင်းကြည်၊ အိချောပို၊ အနုပညာရှင် များစွာနဲ့ ဒါရိုက်တာဇေပါ ဖော်ကျူးထားတဲ့ ဇာတ်ကားဖြစ် ပါတယ်။ဒီဇာတ်ကားကို မန္တလေး မြို့မှာ ရိုက်ကူးခဲ့ပြီးနောက် အပြီးသတ်လက်ကျန်ဆင်း (န်)များကိုတော့ ရန်ကုန်မှာ ရိုက်ကူးနေပါတယ်။
ရှစ်လေးလုံး အရေးတော်ပုံ မြင်ကွင်းပုံရိပ်နဲ့ ဇာတ်ဝင်ခန်း ‘ကောင်ကျိုးကိုယ်၌ တည်စေမင်း’ ရုပ်ရှင်ဇာတ် ကားရိုက်ကွင်းတည်ရှိရာ ရွှေတောင်ကြားလမ်း ကမြန်မာ့ရုပ်ရှင်လုပ်ငန်းကိုကျွန်မတို့ ပေါ်ပြူလာ အဖွဲ့သားတွေ ရောက်ဖြစ်ခဲ့ ပါတ ယ်။ ရောက် ရောက်ချင်းမှာပဲ ဆန္ဒဖော်ထုတ်နေကြတဲ့ခန့်စည်သူတို့အဖွဲ့ကို တွေ့ရပါတယ်။ ဒီဇာတ် ဝင်ခန်းကို ပီပီပြင်ပြင် ရိုက်ကူးနိုင်ဖို့အတွက် အကြိမ်ကြိမ်ရီဟာဇယ် တွေလုပ်နေကြတဲ့ အနုပညာရှင်တွေနဲ့အတူ စက်အဖွဲ့သားတွေ၊ ဒါရိုက်တာနဲ့ ပရိုဂျူဆာကအစ အပင်ပန်းခံ ရိုက်ကူးနေ ကြတာပါ။ နံဘေးကို ကြည့်လိုက် တော့ စစ်သားတွေကိုတွေ့တော့ နောက်ထပ် ဇာတ်ဝင်ခန်းတစ်ခု အတွက်လို့ သိရပါတယ်။
ပြီးတော့ သေဆုံးသွားသူရဲ့ အလောင်းကို မီးရှို့ပြီး လာရောက်ဆန္ဒဖော်ထုတ်နေကြတဲ့ ခန့်စည်သူတို့အဖွဲ့နဲ့ စစ်သားတွေရဲ့ ဇာတ်ဝင် ခန်းကို ရိုက်ကူးပါတယ်။ မီးရှို့ရတဲ့ ဇာတ်ဝင်ခန်း ဖြစ်တာကြောင့် မီးရှို့တာကို အကြိမ်ကြိမ်အခါခါ ရိုက်ရပြန်ပါတယ်။ ဒီဇာတ်ဝင်ခန်းကတော့ ‘ကောင်းကျိုး ကိုယ်၌ တည်စေမင်း’ ရုပ်ရှင်ဇာတ် ကားကြီးရဲ့ အဖွင့်အခန်းကို ရိုက်ကူးတာဖြစ် သလို ရုပ်ရှင်ဇာတ်ကားရဲ့ နောက်ဆုံးရိုက်ကူး ရက်လည်းဖြစ်ပါ တယ်။
ဒါရိုက်တာဇေပါရဲ့ အနုပညာပီတိ စကား
၈၈နောက်ခံသမိုင်းကိုထည့် သွင်းရိုက်ကူး ထားတဲ့ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ဒါရိုက် တာဇေပါကို ရိုက်ကွင်းခဏနားချိန်မှာ မေးဖြစ် တာကေ တာ့  “ဒီ ၈၈အရေးအခင်းဖြစ်တဲ့ အချိန် မှာကျွန်တော့်အသက်၇နှစ်လောက်ပဲ ရှိသေး တယ်။ ကိုခန့်ကတော့မီခဲ့တယ်။ ဦးမျိုးမင်းတို့၊ တခြားလူကြီးေ တွကလည်းပြောပြကြတယ်။ လေ့ လာတယ်။ အင်တာနက်ကလည်း တချို့ဟာ လေးတွေ လေ့လာတယ်။ ကိုယ်မှတ်မိတာလေးနဲ့ ပေါင်းစပ်ထား တာပေါ့။ တကယ့်သမိုင်းတွင်ခဲ့တဲ့ အရာလေးကို မှတ်တမ်းတစ်ခုအနေနဲ့ ခုခေတ် ကလေးတွေကိုတတ်နိုင်သလောက်ပြပေးတာပါ။ ရှေ့ဆက်ပြီး ဒီမိုကရေစီကိုဖော်ဆောင်ပေးနိုင် မယ့်ပြည်သူတွေလည်းအသိ ဥာဏ်ဖွံ့ဖြိုးလာနိုင် မယ်လို့ယုံကြည်တဲ့အတွက် ရိုက်ကူးဖြစ်တာပါ။ ဒီဇာတ်ကားကို မရိုက်ခင်၅လလောက် ကတည်း က ကြိုတင်ပြင်ဆင်ခဲ့တာ။ မရိုက်ခင် ၁လလောက် ကနေ ရိုက်နေတဲ့အချိန် ထိ ညတိုင်းစိတ်ဖြောင့် ဖြောင့် အိပ်မပျော်ဘူး။”
 popularmyanmar

No comments:

Post a Comment