၁-၅-၂၀၁၃
 ရက်နေ့ ၂၀၀၀ အချိန် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ 
ယာကြီးပြင်ရပ်နေ မြင့်ဇော်အောင်(ခ)ဘိုဝင်း (၂၅) နှစ်သည် တစ်ရပ်ကွက်တည်းနေ 
မမီမီထွန်း(၂၂)နှစ်နှင့် အမျိုးသမီး(၃)ဦးအား မန္တလေးမြို့ရှိ 
လက်ဖက်ရည်ဆိုင်တွင် အလုပ်ရမည်ဟုပြောဆိုကာ ရေနံချောင်းမြို့မှ 
မန္တလေးမြို့သို့ ““ပန်တော်ဦး”” ခရီးသည်တင်ယာဉ်ဖြင့် ခေါ်ဆောင်ခဲ့ပြီး မန္တလေးမြို့သို့မရောက်ဘဲ
 မုံရွာမြို့၊ မုံရွာဈေးလမ်းရှိ ရွှေမန်းဟိုတယ်သို့ ရောက်ရှိတည်းခိုကာ 
အခန်းတံခါးအား မြင့်ဇော်အောင်(ခ)ဘိုဝင်းမှ သော့ခတ်ပိတ်ထားခဲ့ပြီး 
ဟုမ္မလင်းမြို့သို့ ဆက်လက်ခေါ်ဆောင်သွားမည်ဖြစ်ကြောင
်း
 ပြောဆိုသောကြောင့် မမီမီထွန်းမှ မိခင်ဖြစ်သူ ဒေါ်ဖြူမြင့်ထံ 
ဖုန်းဆက်အကြောင်းကြားခဲ့သည်။ ၂-၅-၂၀၁၃ ရက်နေ ညနေ ၄ နာရီ ၃၅ တွင် 
ဒေါ်ဖြူမြင့်မှ လက်မှတ်ကုန်း ရဲစခန်းသို့ လာရောက်အကြောင်းကြားသဖြင့် 
လက်မှတ်ကုန်းရဲစခန်းမှ တပ်ဖွဲ့ဝင်များက မကွေးတိုင်းဒေသကြီး 
လူကုန်ကူးအဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် မုံရွာအမှတ်(၂)ရဲစခန်းမှ 
တပ်ဖွဲ့ဝင်များထံ ကူညီဆောင်ရွက်ပေးရန် ဆက်လက်အကြောင်းကြားခဲ့သည်။ 
မုံရွာအမှတ် (၂) ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ၁၉၀၀ အချိန်၌ မုံရွာမြို့၊ 
ရွှေမန်းဟိုတယ်တွင် တည်းခိုနေထိုင်သူ မြင့်ဇော်အောင်(ခ)ဘိုဝင်းနှင့် 
မမီမီထွန်းပါ(၄)ဦးအား ရဲစခန်းသို့ ခေါ်ယူထိန်းသိမ်းခဲ့ပြီး 
မမီမီထွန်းပါ(၄)ဦးအား ၎င်းတို့၏မိဘများထံ ပြန်လည်အပ်နှံခဲ့သဖြင့် 
မုံရွာမြို့သို့ ပြန်လည်လိုက်ပါသွားကြောင်းနှင့် မြင့်ဇော်အောင်(ခ)ဘိုဝင်းအား ၂-၅-၂၀၁၃ ရက်နေ့ ၂၂၁၅ အချိန် လက်မှတ်ကုန်းရဲစခန်း(ပ)၂၇/၂၀၁၃၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၄၂/၄၁၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။ 
 ရဲဇာနည်
 
No comments:
Post a Comment