Wednesday, 24 July 2013

နှစ်လအတွင်း ရေမွှေးစရိတ် စတာလင်ပေါင် ၁၀သိန်းနီးပါး သုံးသည့်သူ

ဆော်ဒီနိုင်ငံ၏ တော်ဝင်မင်းသမီးဟု သူမကိုယ်သူမ ပြောဆိုထားသူက သူမဟာ သိပ်ချမ်းသာပြီး နှစ်လတည်းဖြင့် ရေမွှေးတစ်ခုတည်း အသုံးပြုမှုစရိတ်ဟာ စတာလင်ပေါင် (၁၀)သိန်းရှိတယ်လို့ ဇူလိုင် (၂၃)ရက်နေ့က ပြောဆိုခဲ့ကြောင်း သိရသည်။
Saudi Princess
ထိုအမျိုးသမီးအား စတာလင်ပေါင် သိန်း(၁၄၀) လိမ်လည်မှုဖြင့် ဗြိတိန်နိုင်ငံရှိ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းနှစ်ခုက တရားစွဲထားကြောင်းလည်း သိရသည်။

သူမက ဆော်ဒီမင်းသမီးဟု ပြောဆိုကာ စတာလင်ပေါင် သိန်း(၁၄၀)တန်ဖိုးရှိ ဇိမ်ခံတိုက်ခန်းအား ဝယ်ယူခဲ့ပြီး ငွေမပေးတာမို့ ၎င်းတို့က တရားစွဲဆိုခြင်းဖြစ်သည်။
တကယ်ဆို သူမဟာ ငွေတစ်ပြားမှမရှိသော အီသီယိုးပီးယား ပြည့်တန်ဆာဟု စွပ်စွဲခံခဲ့ရကြောင်းလည်း သိရသည်။
အသက်(၃၁)နှစ်မှ (၄၅)နှစ်အကြားရှိ သူမဟာ သူမကို တရားစွဲဆိုထားခဲ့သည့် ထိုအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းပိုင်ရှင် နှစ်ဦးထဲမှ တစ်ဦးနှင့် ငြိစွန်းမှု ရှိခဲ့ကြောင်းလည်း သိရသည်။
Source : Daily Mail

ပုံရိပ်(burmesehearts.com)

No comments:

Post a Comment