Monday, 23 September 2013

ညောင်လေးပင်မြို့၌ အမျိုးသားတစ်ဦး ရထားလမ်းပေါ်တက်ထိုင်နေရာမှ ရထားကြိတ်ခံရ၍ သေဆုံး

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ တော်ဝိစံပြကျေးရွာအနီး မိုင်တိုင် အမှတ် (၉၆^၅)နှင့် (၉၆^၆)အကြားတွင် စက်တင်ဘာ ၂၃ ရက် နံနက် ၈ နာရီ မိနစ် ၅၀ က အမျိုးသားတစ်ဦး ရထားကြိတ်ခံရကြောင်းသိရသည်။ ဖြစ်စဉ်မှာ သာစည်ဘက်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသော သာစည်-ရန်ကုန် အစုန်ရထားသည် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် တော်ဝိစံပြကျေး ရွာအနီး ပေါက်တောရွာနှင့် ကောက်ကွေ့ရွာအကြား အရောက် တွင် ရထားလမ်းပေါ်
တက်ထိုင်နေသောသူအား ရထားခေါင်းတွဲနှင့် ဝင်တိုက်မိ သဖြင့် သုံးပိုင်းပြတ်ကာသေဆုံးသွား သည်။ သေဆုံးသူမှာ တော်ဝိစံပြကျေးရွာနေ ဦးမြင့်သန်း အသက်(၄၂)နှစ်ဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူသည် တော်ဝိစံပြကျေးရွာတွင် နေထိုင်၍ စိတ်မမှန် ဘဲ လျှောက်သွားနေကြောင်း၊ အိမ်မှာမနေဘဲ လျှောက်သွား နေသည်မှာ သုံးရက်ခန့်ရှိပြီဖြစ်ကြောင်း သေဆုံးသူ၏ဇနီးထံမှ သိရသည်။ စက်ခေါင်းမောင်း၏ပြောပြချက်အရ 'ပေ ၂၀၊ ၃၀ ခန့်အကွာအရောက်တွင် လူတစ်ယောက်ထိုင်နေတာမြင်တွေ့ရသဖြင့် ဥဩဆွဲ အချက်ပေးလိုက်ပါတယ်၊ သို့ပေမယ့် ထိုသူကထပြီးထွက်မပြေးဘဲ ရထားလမ်းပေါ်ပက်လက် လှန်အိပ်ချလိုက်တဲ့အတွက် ရထားကြိတ်ခံရခြင်းဖြစ်ပါတယ်"ဟု တော်ဝိစံပြကျေးရွာအုပ် ချုပ်ရေးမှူးမှ တစ်ဆင့်သိရှိရသည်။

နေလင်း(ညောင်လေးပင်)

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment