Thursday, 5 September 2013

မော်လမြိုင်မြို့တွင် ကား ၊ ဆိုင်ကယ် မောင်းနှင်သော ရဟန်း၊ သာမဏေများအား အရေးယူဆောင်ရွက်

သွားမည်ဖြစ်ကြောင်း မော်လမြိုင်မြို့နယ် သံဃနာယက အဖွဲ့မှ စုံစမ်းသိရှိရသည်။အဆိုပါ အရေးယူမည့် ကိစ္စနှင့် ပတ်သက်ပြီး ဇူ လိုင် ၇ ရက်က မော်လမြိုင်မြို့ ပရိယတ္တိဓမ္မ ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သော ပြည်နယ်သံဃနာယကအဖွဲ့၊ မြို့နယ်သံဃနာယက အဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ပါဝင်သော အစည်းအဝေးတွင် ထိုသို့ဆောင်ရွက်ရန် ဆုံးဖြတ်ချက်များ
ချမှတ်ခဲ့ကြောင်း မော်လမြိုင်မြို့နယ် သံဃနာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တသာသနက မိန့်တော်မူသည်။
သက်ဆိုင်ရာ ကျောင်းတိုက်ဆရာတော်က တာဝန်မယူရင်တော့ တည်ဆဲဥပဒေအရ အရေးယူသွားမယ်။ တစ်ကြိမ်ခံဝန် လက်မှတ်ထိုးပြီး သံဃာက နောက်တစ်ကြိမ် မောင်းနှင်လို့ ဖမ်းမိရင်လည်း တည်ဆဲဥပဒေအရ အရေးယူ ဆောင်ရွက်သွားမှာပါ...

''ဒီသမဏသာရုပ္ပမ ဖြစ်သော ရဟန်း၊ သာမဏေများကို အရေးယူဖို့ ကိစ္စအတွက် အချက် (၇) ချက်ပါတဲ့ အကြောင်းကြားစာတွေကို ရပ်/ကျေး သံဃနာယက အဖွဲ့တွေအထိ စာတွေပို့ထားပါတယ်။

အဓိကက မော်လမြိုင်မြို့နယ်အတွင်း ရဟန်း၊ သာမဏေ၊ သံဃာတွေကိုယ်တိုင် ကားမောင်းခြင်း၊ ဆိုင်ကယ်မောင်းခြင်း မပြုလုပ်ကြဖို့ ၊ ကားဆိုင်ကယ်တွေ မောင်းနှင်လို့ ရှိရင် ရဟန်း၊ သာမဏေ၊ သံဃာများကို ယာဉ်နဲ့အတူ သာသနာတော် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့နဲ့  ယာဉ်ထိန်းရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်။ ထိန်းသိမ်းထားတဲ့ သံဃာနဲ့ ယာဉ်များကို သက်ဆိုင်ရာ ကျောင်းတိုက် ဆရာတော်ရဲ့ အာမခံချက်နဲ့ သံဃာ့အဖွဲ့အစည်း ရှေ့မှောက်မှာ လက်မှတ်ရေးထိုးပြီး သံဃာနဲ့ယာဉ်ကို ပြန်လည်အပ်နှံ ပေးပါတယ်'' ဟု ဆရာတော် ဘဒ္ဒန္တသာသနက မိန့်တော်မူသည်။

ဆရာတော်က ဆက်လက်ပြီး ''သက်ဆိုင်ရာ ကျောင်းတိုက်ဆရာတော်က တာဝန်မယူရင်တော့ တည်ဆဲဥပဒေအရ အရေးယူသွားမယ်။ တစ်ကြိမ်ခံဝန် လက်မှတ်ထိုးပြီး သံဃာက နောက်တစ်ကြိမ် မောင်းနှင်လို့ ဖမ်းမိရင်လည်း တည်ဆဲဥပဒေအရ အရေးယူ ဆောင်ရွက်သွားမှာပါ။ အခုလောလောဆယ် အချိန်ထိတော့ မော်တော်ကား နှစ်စီးနဲ့ ဆိုင်ကယ်သုံးစီး အရေးယူ ဆောင်ရွက်ပြီးပါပြီ'' ဟု မိန့်ကြားသည်။

Eleven Media Group

No comments:

Post a Comment