Wednesday, 11 September 2013

ကော့ကရိတ်မြို့နယ်၊ နောင်ကိုင်ကျေးရွာတွင်လည်း လင်မယားနှစ်ဦး ထပ်မံအသတ်ခံရ


ပြီးခဲ့သောလက မလေးရှားနိုင်ငံ တောင်ပေါ်စိုက်ပျိုးရေးဒေသတွင် စောအေးမြင့်(နောင်ကမြိုင်ရွာ)နှင့် ဇနီးဖြစ်သူ မူးဟီ့လာ(စံပရီးရွာ) တို့ အသတ်ခံရပြီးသည်ပြီးသည့်နောက် ကရင်ပြည်နယ် ၊ ကော့ကရိတ် မြို့နယ် ၊ နောင်ကိုင် ကျေးရွာ အုပ်စု မိဖာလဲ ကျေးရွာနေ ဦးမြလွင် ၄၈ နှစ် (ဘ) ဦးထွန်းကြည် နှင့် ဇနီးဖြစ်သူ ဒေါ်ရင်တင် ၅၂ နှစ် (ဘ) ဦးစံဟန် တို့နှစ်ဦးလည်း စက်တင်ဘာလ ၆ ရက်နေ့ ည ၈ နာရီခွဲ ခန့်အချိန်တွင် နေအိမ် အရှေ့လှေကား အနီး ခြေဆေးကန် ဘေး၌ သေနတ် ဒဏ်ရာများဖြင့် ထပ်မံအသတ်ခံခဲ့ရကြောင်း သိရှိရပါသည်။
သက်ဆိုင်ရာမှ သွားရောက် စစ်ဆေးရာ အလောင်းများ အနီးတွင် ပွိုင့် - ၃၀ ကာဘိုင် ကျည်ခွံ ၁၅ ခုခန့် တွေ့ရှိရပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ ဆက်လက် စိစစ်ရာ ၄င်းတို့ နှစ်ဦးသည် ကျေးရွာအတွင်း အောက်လမ်း အတတ်ပညာ များဖြင့် ပြုစား လုပ်ကြံ နေသူများ အဖြစ် သတင်းထွက် နေခြင်းကြောင့် ကျေးရွာသူ ကျေးရွာသား များမှ ကျေနပ်မှု မရှိကြောင်း နှင့် အဆိုပါ လင်မယား နှစ်ဦး သေဆုံးသည့် ဖြစ်စဉ်အား ကော့ကရိတ် မြို့နယ် မြို့မရဲစခန်း မှ အသေးစိတ် စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။.9dblood.

No comments:

Post a Comment