Saturday, 28 September 2013

ရန်ကုန်မြို့ကားခပိုတောင်းတဲ့ အကျင့်ဆိုး မပျောက်သေး


 

သတ်မှတ်ထားသည့်ကားခ များထက် ပိုမိုတောင်းခံသည့်လိုင်း ကားများကို တိုင်ကြားမှုများရှိလာ ပါက အရေးယူမှုများ ရှိသော် လည်းယာဉ်လိုင်းအချို့တွင်ကားခ ပိုမိုတောင်းခံမှုများ ရှိနေသေး ကြောင်း ခရီးသည်အချို့၏ ပြော ကြားချက်အရ သိရသည်။
““ကျွန်တော်က ဒဂုံတောင် ကနေ တာမွေကို အမြဲတမ်းစီး တာပါ။ ၁၀၀ ပဲပေးရတဲ့လမ်းကို ၂၀၀ တောင်းတယ်။ တစ်ခါတစ် လေ မိုးချုပ်ရင် ၃၀၀ ထိတောင်း တယ်။ ကျွန်တော်က
ပိုက်ဆံကို နှမြောလို့ပြောတာမဟုတ်ဘူး။ တစ်ခါတစ်လေဆိုလည်း မပြော ပါဘူး။ အခုကနေ့တိုင်း ၂၀၀ တန် လို့ ၂၀၀ ပေးရတာဆို ဘာမှမဖြစ် ဘူး။ အခုက ငြိမ်နေလို့ သူတို့က ပိုတောင်းတာထင်တယ်”” ဟု ဒဂုံ (တောင်ပိုင်း) မှ တာမွေသို့ဘီအမ် ကားစီး၍ အလုပ်ဆင်းသူတစ်ဦး ကပြောသည်။


မြောက်ဥက္ကလာမှ ဆူးလေ သို့ ပြေးဆွဲနေသော ဘီအမ်ကား များထဲမှ ကားအချို့သည်ဆူးလေ မှ ကုက်္ကိုင်းသို့ ကားခကို ကျပ် ၂၀၀ နှင့် ညနေပိုင်းအချိန်များ တွင် ကျပ် ၃၀၀ အထိ တောင်းခံ မှုများရှိကြောင်း ခရီးသွားများထံ မှ သိရသည်။ ထို့အတူ မြို့တွင်း ပြေးဆွဲနေသော လိုင်းကားများ အနက်အချို့ကားများမှာ မထသ မှ သတ်မှတ်ပေးထားသည့် ယာဉ် စီးခနှုန်းထက် ပိုမိုကောက်ခံမှုများ ရှိနေကြောင်း စုံစမ်းသိရသည်။
““ဒီလိုအကျင့်ပျက်တဲ့ကား တွေရှိတာမှန်တယ်။ ဒီလိုကား တွေကို ခရီးသည်တွေအနေနဲ့ ရုံး ကိုတိုင်လို့ရပါတယ်။ အဲလိုတိုင်မှ သာ ကျွန်တော်တို့ဘက်ကလည်း အရေးယူလို့ရမှာ။ ခရီးသည်တွေ ဘက်ကလည်း ပူးပေါင်းပါဝင်မှ ကျွန်တော်တို့ဘက်လည်း ဆောင် ရွက်ရတာအဆင်ပြေမှာပါ”” ဟု မထသရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။



 သတ်မှတ်ထားသည့် ယာဉ်စီးခနှုန်းထက်ပိုမိုတောင်းခံ သည့် ကားများကို ကားနံပါတ် နှင့် လိုင်းအား မှတ်သားပြီး တိုင် ကြားမည်ဆိုပါက အရေးယူ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မထသက ပြောသည်။

ဘိုဘိုမင်း
HOT NEWS

No comments:

Post a Comment