Sunday, 15 September 2013

ဆံသဆိုင်များမှ ဆံပင်ဖြတ်စ ညှပ်စများ အ၀ယ်လိုက်နေ

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်များ ၊ ရပ်ကွက်များ တွင် ဆံပင်ဖြတ်စ များကို လိုက်လံ ဝယ်ယူနေသူများ အနေဖြင့် ဆံပင်၏ အတို ၊ အရှည်ပေါ် မူတည်၍ ဈေးနှုန်း သတ်မှတ် ဝယ်ယူကြ သလို ဆံပင်ဖြတ်စ ရောင်းသူ၏ အခြေအနေကို အကဲခတ်ကာ ဈေးကစားပြီး ဝယ်ယူခဲ့မှု များလည်း ရှိကြောင်း မိတ္ထီလာ မှ ရန်ကုန်မြို့သို့ ဆံပင်ဖြတ်စများ လိုက်လံ ဝယ်ယူနေသူ တစ်ဦး၏ ပြောဆိုချက် များအရ
သိရသည်။

ဆံပင်ဖြတ်စ များကို တစ်နိုင်ငံလုံး အနှံ့တွင် အဝယ်တော်များ စေလွှတ်ပြီး ဝယ်ယူ ရရှိသော ဆံပင်ဖြတ်စ များကို စုဆောင်း၍ မိတ္ထီလာရှိ ဆံပင်အဝယ်ဒိုင် ထံသို့ ပြန်လည် တင်ပို့ပေးရ ကြောင်း ၊ ဆံပင် အဝယ်ဒိုင် ထံ ရောက်ရှိ လာသော ဆံပင်ဖြတ်စ များကို ပြန်လည် သန့်စင်မှု ပြုလုပ်ပြီး ဆံပင်များကို ပေါင်းတင်ကာ တရုတ်နိုင်ငံ သို့ တင်ပို့ ကြကြောင်း ၊ ယခင်က ဆံပင်ညှပ်ဆိုင် များမှ ဆံပင်ဖြတ်စ များကို ဝယ်ယူမှု မရှိခဲ့ သော်လည်း ယခုအခါ ထိုဆံပင်ဖြတ်စ အတို များကိုပင် လိုက်လံ ဝယ်ယူမှုများ ရှိလာပြီး ၄င်းဆံပင် ဖြတ်စ အတိုလေးများကို တရုတ်နိုင်ငံ သို့ တင်ပို့လျှက် ရှိကြောင်း သိရှိရသည်။ (၄ဝ၁)

The Myawady Daily

No comments:

Post a Comment