Friday, 6 September 2013

Facebook အရသာ ရေခဲမုန့်ရပြီ

Photo: Facebook အရသာ ရေခဲမုန့်ရပြီ

Facebook ရေခဲမုန့် တကယ်ရောင်းနေပါပြီ။ ဥရောပတိုက် အလယ်ပိုင်း ခရိုအေးရှားနိုင်ငံက Murter ကျွန်းမှ Tisno မြို့ မှာပါ။ Facebook အရသာ ရေခဲမုန့်ဆိုပြီး ဆိုင်ပေါ် တင်ရောင်းမှုကြောင့် နာမည်ကြီးသွား ပါတယ်။ 

Admir Adil အမည်ရ ဆိုင်ပိုင်ရှင်က ဖန်တီးလိုက်ခြင်းပါ။ အသက် ၁၅ နှစ်ရှိပြီ ဖြစ်တဲ့ သူ့သမီး Facebook သုံးနေတာကို မြင်တော့ Facebook အရသာနဲ့ ရေခဲမုန့်လုပ်ရင်ကောင်းမှာပဲလို့ စိတ်ကူးပြီး တကယ် တကယ် ဖန်တီးလိုက်ခြင်း ဖြစ်ပါတယ်။ အမှန်တော့ ရေခဲမုန့်က သာမန်ရေခဲမုန့်ပါပဲ။ အပေါ်မှာ အပြာရောင် သကြား သစ်ခွရည် လောင်းလိုက်ခြင်းသာ ဖြစ်ပြီး ခပ်ချိုချို အရသာ ရေခဲမုန့် သာသာပါပဲ။ သို့ပေမယ့် Facebook ရေခဲမုန့်လို့ နာမည်ပေးလိုက်တော့ နာမည်ကြီးသွား ရှာပါတယ်။ 

Facebook ရဲ့  Trademark ကို ယူသုံးဖို့ Admir မှ ဇူကာဘတ်ကို တရားဝင် ဆက်သွယ်ထားခြင်း မရှိပါဘူး။ ဒီတော့ Trademark ကိစ္စ ပြဿနာ ဖြစ်နိုင် ပါတယ်။ ယင်းကဲ့သို့ Facebook အမည်ကို အသုံးပြုပြီး ကုန်ပစ္စည်းနဲ့ ကုမ္မဏီ အမည်ပေးမှုများဟာ ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပေါ်နေပြီး Facebook မှ ဘယ်လို Action ပေးမယ်ဆိုတာကို မသိရသေးကြောင်း သိရပါတယ်။ 
.
Ref: mashable
Aung Kham (TSJ team)

No comments:

Post a Comment