Saturday, 26 October 2013

ဆီးဂိမ်းပြိုင်ပွဲများ ကြည့်ရှုနိုင်ရန်အငှားယာဉ်များ စီစဉ်ထားရှိသွားမည်

ဆီးဂိမ်းကာလအတွင်း နိုင်ငံခြားသားဧည့်သည်များ နှင့် လာရောက်ကြည့်ရှုသူများတည်းခိုမည့်နေရာမှ ပြိုင်ပွဲ သို့ အဆင်ပြေစွာ သွားလာနိုင်စေရန် အဆင့်မြင့် ဟိုတယ်ကြီးများတွင် ပုဂ္ဂလိက အငှားယာဉ်များ စီစဉ် ထားရှိပေးသွားမည်ဖြစ်ကြောင်း သယ်ယူပို့ဆောင်ရေး ဆပ်ကော်မတီ၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

''တည်းခိုမယ့် ဟိုတယ်တိုင်းမှာ မြန်မာပြည်က လူတွေရော၊ နိုင်ငံခြားဧည့်သည်တွေရော၊ အားကစား ပွဲကို လာရောက်ကြည့်ရှုသူတွေရော သွားလာရေးအဆင်ပြေဖို့ အတွက် ပုဂ္ဂလိကအငှား ယာဉ်တွေကို ထားရှိပေးသွားမှာ ပါ''ဟု ¤င်းက ပြောသည်။

အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပမည့် အားကစားရုံများတစ်ဝိုက်တွင် ဖြတ်သန်းပြေးဆွဲမည့် ယာဉ်လိုင်းများကိုလည်း တရားဝင်ကြေညာပေးသွား မည်ဖြစ်ပြီး ရန်ကုန်မှ နေပြည်တော်သို့ သွားလာ နိုင်ရန် အတွက်လည်း ၁ နာရီလျှင် ကားတစ်စီးနှုန်း ထွက်ရှိနိုင်ရန် သယ်ယူပို့ဆောင်ရေးဆပ်ကော်မတီ၏ တာဝန်ရှိသူတစ်ဦး ထံမှ သိရသည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment