Wednesday, 2 October 2013

မိခင်အရင်းအား ဓားဖြင့်ထိုးသတ်ခဲ့သည်ဟု သံသယရှိသော သားဖြစ်သူအား ဖမ်းမိပြီ


မိခင်အရင်းကို သတ်သည်ဟုသံသယ ရှိသူသားအား တစ်ရက်ကျော်အကြာတွင် ဖမ်းမိပြီဟု
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးက သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၂၉ ရက်နေ့ နံ နက်ပိုင်းကရန်ကုန်တိုင်းဒေသကြီး
ထန်း တပင်မြို့နယ်၌ အသက် ၅ဝ ခန့်အရွယ် ရှိ အမျိုးသမီးတစ်ဦး


ဓားဒဏ်ရာများဖြင့် သေဆုံးခဲ့မှုကို ရန်ကုန်နှင့် မွန်ပြည်နယ် ရဲတို့
ပူးပေါင်းကာ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ် သည်ဟု ရဲမှတ်တမ်းများအရ သိရသည်။


ပြစ်မှုကျူးလွန်သူဟု ယူဆရသူမှာ သေဆုံးသူ၏သားဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး
ထန်းတပင်မှ မော်လမြိုင်သို့ ထွက်ပြေးရာ စက်တင်ဘာ ၃ဝ ရက်နေ့ တွင် မော်လ
မြိုင်မြို့ မြိုင်သာယာရပ်ကွက် ၌ အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

ပြစ်မှုကျူးလွန်သူလူငယ်မှာ ဆိုင်ကယ် ကယ်ရီသမားတစ်ဦးဖြစ်ပြီး အသက် ၁၉နှစ် ကျော်ခန့်သာရှိသည်ဟု သိရသည်။


ထန်းတပင်မြို့နယ် တက်သစ်နယ်မြေ ရဲစခန်းက ထိုအမှုကို (ပ) ၉၆/ ၂ဝ၁၃၊ ပုဒ်မ
၃ဝ၂ ဖြင့် အမှုဖွင့်ထားခဲ့ပြီး တရား ရုံးသို့ စွဲချက်တင်တော့မည်ဟု သိရသည်။

No comments:

Post a Comment