Wednesday, 11 December 2013

ဆင်တူ ဆံပင်ပုံစံအသစ်နဲ့ လှနေကြတဲ့ သူတို့နှစ်ဦး

ပရိသတ်တွေကြားထဲမှာ ရေပန်းစားလွန်းတဲ့ ရီဟားနားနဲ့ မိုင်လီဆိုင်းရပ်တို့ နှစ်ဦးစလုံးက မကြာသေးမီကာလအတွင်း ဆံပင်ပုံစံအသစ် ညှပ်လိုက်ကြပြီး နှစ်ဦးစလုံးရဲ့ ဆံပင်ပုံစံကလည်း ကွဲပြားခြားနားမှု သိပ်မရှိတာ တွေ့ရမှာပါ။ ရီဟားနားရဲ့ ဆံပင်ပုံစံက မိုင်လီ့ဆံပင်ပုံစံထက်စာရင် နည်းနည်းရှည်ပြီး မိန်းကလေးပိုဆန်ပေမယ့် နှစ်ဦးစလုံး ရွေးချယ်လိုက်တာကတော့
အရင်တုန်းက ခေတ်စားခဲ့တဲ့ ဘော့ပ်(bob) ဆံပင်ပုံစံပါပဲ။ သူတို့နှစ်ဦးရဲ့ ဆံပင်ပုံစံကို ကြည့်ပြီး ဒီဆံပင်ပုံစံဟာ ပရိသတ်တွေကြားထဲမှာရော အထူးသဖြင့် အမျိုးသမီးတွေ အညှပ်အများဆုံးဖြစ်လာနိုင်တဲ့ ဆံပင်ပုံစံလို့ အားလုံးက ခန့်မှန်းနေကြပါပြီ။
Ref: seventeen.com

No comments:

Post a Comment