Wednesday, 28 March 2012

ပထမဆုံးသားကျသည့် ဝက်မကြီး တောက်တဲ့သဏ္ဌာန်တူ အင်္ဂါမစုံ ဝက်နှစ်ကောင် မွေးဖွား


ဇမ္ဗူသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာ၏ အရှေ့ဘက် သာယာဝှမ်းကျေးရွာတွင် တစ်နှစ်အရွယ် ဝက်မကြီးတစ်ကောင်က အင်္ဂါမစုံသော တောက်တဲ့ သဏ္ဌာန်နှင့်   ခွေးခေါင်း၊ ဝက်နားရွက်၊ ဝက်ခြေထောက် များဖြင့် ဖွဲ့စည်းထားပြီး ကလီစာမပါသော ဝက်လေးနှစ်ကောင် မွေးဖွားခဲ့သည်ဟု သတင်း ရရှိသည်။ အထက်ပါ ကျေးရွာနေ ဦးတိုး၊ ဒေါ်တင်နုတို့ အိမ်တွင်
ယခုလ ၂ဝ ရက်နေ့ ညနေ ၅ နာရီခွဲနှင့် ညသန်း ခေါင်အချိန်တို့တွင် ပေါက်ဖွားခဲ့ခြင်း ဖြစ်သည်။ ၄င်းဝက်မကြီး၏ ပထမဆုံး အသုတ်သား ကျဖြစ်ပြီး ဝက်ငယ် ခြောက်ကောင်အနက် အထက်ပါ ဝက်နှစ်ကောင် ပါဝင်လာခြင်း ဖြစ် သည်။ ထိုဝက်ပိုင်ရှင် ဦးတိုးက ”တစ် ခါမှမကြုံဖူးဘူး။ အခုမွေးတဲ့ တောက် တဲ့သဏ္ဌာန် ဝက်ကအစွယ်လည်းပါ လာတယ်။ ခြေထောက်တွေက လည်း ခြေချောင်းကလေးတွေ ခွဲ ပြီး လက်သည်းလိုနေရာမှာ ခွာပုံ သဏ္ဌာန်တွေ ပါလာတယ်။   နောက်တစ်ကောင်က ခွေး မျက်နှာ၊ ဝက်နားရွက်နဲ့ ဝက်ခြေ ထောက်ပါပဲ။ ခြေထောက်မှာ ပထမ အကောင်လို ခြေချောင်း၊ လက်ချောင်းလေးတွေပါပြီး ခွာတွေလည်း ပါလာတယ်။ ခန္ဓာကိုယ်တွင်းမှာ အရည်တွေနဲ့ ပြည့်နေပြီး စမ်းကြည့် ရင် ဝမ်းတွင်းသား (ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်း၊ ကလီစာ) မပါဘူး” ဟု ပြောသည်။  အဆိုပါ ဝက်သေ နှစ်ကောင်လုံး  လုံးဝခြောက်သွေ့သွားအောင် နေလှမ်း၍ အခြောက်ထားကာ  ခြောက်သွားရင် ဆောင်ထားမည်ဟု ၄င်းက ပေါ်ပြူလာနယူးစ်သို့ ထပ်လောင်း   ပြောသည်။ ယင်းသတင်းကြောင့် ပျဉ်းမနား ဒေသခံများကလည်း ၄င်းကျေးရွာ သို့ သွားရောက်ကြည့်ရှုကာ ဓာတ်ပုံ ရိုက်ယူနေကြောင်း သိရသည်။
စွမ်းရဲထွဋ်၊ စံကျော်


1 comment:

  1. ဟဟ ဘာတွေတုန်းဟ ဘယ်နှစ်မျိုးလောက် သားစပ်ထားပါလိမ့်

    ReplyDelete