သုံးခွမြို့နယ် ပိုက်စီးကျေးရွာတွင် သောင်တင်နေသောဝေလငါးကြီး
သုံးခွမြို့နယ် ပိုက်စီးကျေးရွာတွင် အလျား ၄၇ ပေ၊ လုံးပတ် ၁၅ ပေခွဲရှိသည့် ဝေလငါးကြီးတစ်ကောင် အသက်ရှင်လျက် သောင်ပေါ်တင်နေအလျား ၄၇ ပေရှည်လျားပြီး လုံးပတ် ၁၅ ပေ ခွဲရှိသည့်
ဝေလငါးကြီးတစ်ကောင် သုံးခွမြို့နယ် ပိုက်စီးကျေးရွာတွင် ဧပြီလ၂ရက်နေ့မှစ၍ သောင်ပေါ် တင်နေပြီး ပင်လယ်အတွင်း ပြန်လည်ရောက်ရှိရန် ငါးလုပ်ငန်းဦးစီးဌာနနှင့် ဒေသခံများ ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဝေလငါးကြီးသည်ပိုက်စီးကျေးရွာ၏ ခြောက်မိုင်ခန့် ကွာဝေးသောနေရာတွင်
သောင်တင်နေလျက်ရှိပြီး ရေလုပ်သားများကဧပြီလ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် စတင်တွေ့ရှိခဲ့ကြောင်း သိရသည်။
သောင်တင်နေသော ဝေလငါးကြီးအဲဒီဝေလငါးကြီးကို ရေလုပ်သားတွေက ဧပြီလ ၂ ရက်နေ့ မွန်း တည့် ၁၂ နာရီမှာ စတွေ့ခဲ့တယ်။ တွေ့ပြီးတော့ အဲဒီရေလုပ်သားတွေက ကျေးရွာအုပ်ချုပ်ရေးမှူးဆီကို
အကြောင်းကြားတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူးက ဝေလငါးကြီးကို ဓာတ်ပုံရိုက်ပြီး
မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနကို ပေးပို့ခဲ့ပါတယ်။ အဲဒါနဲ့
ဦးတို့ငါးလုပ်ငန်း ဦးစီးဌာနက အဖွဲ့တွေ သွားရောက်ကြည့်ရှုခဲ့တယ်။
ရေတက်ချိန်နဲ့ကြုံလို့ လှိုင်းတွေပုတ်တဲ့အခါမှာ ကမ်းခြေဘက် ပိုရောက်လာတယ်။
လူ ၄၀ လောက်နဲ့ ၀ိုင်းတွန်းကြပေမယ့် ဝေလကြီးက လုံးဝမရွေ့သွားပါဘူး။ ဒီနေ့
ညနေပိုင်းမှာတော့ မော်တော်စက်လှေတွေနဲ့ ဆွဲဖို့ စီစဉ်နေပါတယ်။
ဦးတို့အနေနဲ့ကတော့ ဝေလငါးကြီး အသက်ရှင်ရေးအတွက်ပဲ
ကြိုးစားဆောင်ရွက်သွားမှာပါ''ဟု ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက
ပြောကြားခဲ့သည်။
No comments:
Post a Comment