Friday, 29 June 2012

မြို့ပတ်ရထားများတွင် ဖိုင်ဘာထိုင်ခုံ ပြောင်းတပ်မည်

မြို့ပတ် ရထား များတွင် ဖိုင်ဘာထိုင်ခုံ ပြောင်းလဲ တပ်ဆင်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း မြန်မာ့ မီးရထား တိုင်းအမှတ်(၇)မှ မန်နေဂျာ ဦးသိန်းနိုင်က ပြောသည်။“ခရီးသည်တွေ သက်သောင့် သက်သာ ရှိမရှိနဲ့ အစားထိုးမယ့် ခုံတွေက ခိုင်ခန့်မှု ရှိမရှိ လက်တွေ့ တပ်ဆင်ပြီး စမ်းသပ်နေပါတယ်”ဟု ၄င်းကပြောသည်။ ဖိုင်ဘာခုံ စမ်းသပ်တပ်ဆင် ခြင်းကို မြို့ပတ်ရထားတစ်စင်း၏ တွဲတစ်တွဲပေါ် တပ်ဆင်ထားပြီးဖြစ် ပြီး ခရီးသည်များအား လက်တွေ့ ကွင်းဆင်းမေးမြန်းမှု ရလဒ်အပေါ် မူတည်၍ ဆက်လက်လုပ်ကိုင်သွား မည်ဖြစ်ကြောင်း သိရသည်။
“ခရီးသည်အပိုင်းကလည်း ရေ ရှည်သုံးလို့ရအောင်ဝိုင်းဝန်းစောင့် ရှောက်ဖို့လိုပါတယ်။ သုံးစွဲသူ စည်း ကမ်းမရှိရင်ဘယ်လောက်ခိုင်ခန့် ကောင်းမွန်နေပါစေပျက်စီးတာပဲလေ” ဟု
၎င်းကထပ်လောင်းပြောသည်။ ပြောင်းလဲတပ်ဆင်မည့် ဖိုင် ဘာခုံများကို ပုဂ္ဂလိကစက်ရုံများမှ မှာယူတပ်ဆင်ရမည်ဖြစ်ပြီးမှာယူမည့် ကုမ္ပဏီနှင့်ဘတ်ဂျက်ကို အထက်သို့ တင်ပြထားဆဲဖြစ်ကြောင်း မြန်မာ့ မီးရထားတိုင်း (၇)မှ သိရသည်။
“ခုံတွေကို တွဲအားလုံးမှာ တပ် ဆင်ပေးရင် ရထားစီးတိုင်း ကြုံရတဲ့ ကြမ်းပိုးဒုက္ခက လွတ်တာပေါ့။ အခု ဆို ရထားစီးတိုင်း ခင်းထိုင်ဖို့ စာရွက် ဆောင်ထားရတယ်”ဟု နေ့စဉ် ရထားစီးအလုပ်သွားသော မင်္ဂလာ ဈေးမှ အရောင်းဝန်ထမ်းတစ်ဦးက ပြောသည်။ မြို့ပတ်နှင့် ဆင်ခြေဖုန်း ခရီးစဉ် များကိုတွဲဆိုင်း ၂၁ဆိုင်းဖြင့် ခေါက် ရေ ၂၀ဝ ကျော်ပြေးဆွဲပေးလျက် ရှိပြီးဖိုင်ဘာခုံများအစားထိုး တပ်ဆင် ပါကRVE တွဲဆိုင်း နှစ်ဆိုင်းမှအပ ရထားကြီးတွဲဆိုင်း ၁၄ ဆိုင်း၌တပ် ဆင်သွားမည်ဖြစ်သည်။
ညွန့်ဝင်း
Popular News

No comments:

Post a Comment