ဒုတိယစီးရီးထွက်ဖို့ စိုင်းပြင်းနေတဲ့ အေသင်ချိုဆွေ

အေသင်ချိုဆွေက
သူမ၏ ဒုတိယတေးအယ်လ်ဘမ်ကို အောက်တိုဘာလတွင် ထွက်ရှိနိုင်ရန် စီစဉ်နေပြီး
ထွက်ရှိပြီးသော အမှတ်တရစီးရီးဖြစ်သည့် “အနီးဆုံးလူ..နမ်းပါ” ဗီစီဒီကိုမူ
လတ်တလော ထွက်ရှိနိုင်ခြင်း မရှိသေးကြောင်း အေသင်ချိုဆွေကပြောသည်။
အေသင်ချိုဆွေက ဒုတိယစီးရီး “မောင့်လက်ဖဝါး” ဟု ယာယီပေးထားပြီး
ထိုသီချင်းကို သူမ ကိုယ်တိုင်ရေးသားထားကြောင်း အေသင်ချိုဆွေကပြောသည်။
“အဲဒီ့စီးရီးမှာ Featuring ကို J-me၊ ကြက်ဖတို့၊ တေးရေး R-Ti၊ J-me၊
ကြက်ဖရယ်၊ သြရသရယ်၊ မင်းကို၊ အေသင် နှစ်ပုဒ်ရေးထားတယ်။
“မောင့်လက်ဖဝါး”ဆိုတာက မသေချာသေးဘူး။
အဲဒီ Title က ယာယီပေးလိုက်တာပါ။ တကယ်တမ်း ထွက်လာရင် အဲဒီ့နာမည်
ဟုတ်ချင်မှဟုတ်မယ်။ ရွေးနေတာလည်းရှိတယ်။ ကိုကြက်ဖနဲ့လုပ်ထားတဲ့
သီချင်းပုံစံလေးက နည်းနည်းဆန်းတယ်။ ကိုသြရသနဲ့ကျတော့
အရင်ပုံစံမျိုးလေးတွေပါပဲ”ဟု အေသင်ချိုဆွေကပြောသည်။
လတ်တလော အနုပညာလှုပ်ရှားမှုအနေနှင့် လူမင်း၊ ရဲအောင်၊ နန္ဒတို့နှင့် ဗီဒီယိုဇာတ်ကား ရိုက်ကူးထားကြောင်း အေသင်ချိုဆွေကပြောသည်။
ကြူကြူဟန် (7Day News Journal)
No comments:
Post a Comment