Monday, 23 July 2012

ယောက်ျားတစ်ဦးနဲ့ အိမ်ကနေ လေးရက်ထွက်ပြေးသွားတဲ့ သမီးနှစ်ဦးကို ဖခင်သတ်

ပြီးခဲ့သည့် တနင်္ဂနွေနေ့က အာဖဂန်နစ္စတန်နိုင်ငံ Helmand ဒေသတောင်ပိုင်းရှိ ရွာတစ်ရွာတွင် ယောက်ျားတစ်ဦးနှင့် လိုက်သွားပြီး အိမ်ကနေ လေးရက်ပျောက်သွားခဲ့သည့် ဆယ်ကျော်သက် သမီးနှစ်ယောက် အိမ်ပြန်လာချိန်ဝယ် ဖခင်က ပစ်သတ်ခဲ့ကြောင်း သိရသည်။
သမီးနှစ်ယောက်ကို ပစ်သတ်ခဲ့သည့် ဖခင်အား ယခုအခါ ရဲများက ဖမ်းဆီးထားကြောင်း သိရသည်။
ရဲများက Nato တပ်ဖွဲ့အား စကားပြန်လုပ်ပေးနေသည့် လူငယ်အားလည်း ဖမ်းဆီးရန် ဝရမ်းထုတ်ထားကြောင်း သိရသည်။
Source : Straitstimes

No comments:

Post a Comment