လာမယ့် စက်တင်ဘာလ (၁) ရက်နေ့ MCC ခန်းမှမှာ ၈၈
မျိုးဆက်ကျောင်းသားများအတွက် အနုပညာရှင် များကနေ "စေတနာဝဿန်" အမည်နဲ့
ပြုလုပ်မယ့် ရန်ပုံငွေရှာပွဲအတွက် ဇူလိုင်လ ၁၅ ရက်နေ့က ရန်ကုန်မြို့
Mr.Guiter မှာ ဂီတအနုပညာရှင်တွေ နဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ
ကြိုတင်ညှိနှိုင်းဆွေးနွေး
ခဲ့ကြပါတယ်။
မွန်းလွဲ ၂ နာရီကနေ ၄ နာရီလောက်အထိ ပြုလုပ်ခဲ့တဲ့ ဒီဆွေးနွေးပွဲကို ၈၈
မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ ၊ ကိုရဲလွင် ကိုခင်မောင်တိုး နဲ့
ဂီတအနုပညာရှင် ၅၀ လောက်တက်ရောက်ခဲ့ကြပါတယ်။
ဒီရန်ပုံငွေရှာပွဲမှာ အနုပညာရှင်များ စုပေါင်းပြီး ၈၈ မျိုးဆက်
ကျောင်းသားများ အတွက် ငွေကျပ် သိန်း ၂၀ ကိုလည်း
လှူဒါန်းထည့်ဝင်ခဲ့တယ်လို့သိရပါတယ်။
No comments:
Post a Comment