Tuesday, 24 July 2012

လိင်ကျွန်ပြုခြင်းခံထားရလို့ လမ်းခွဲမယ်ပြောတဲ့ချစ်သူကို ဓါးနဲ့နာကျင်စေခဲ့လို့ ထောင်ကျသူ

စင်္ကာပူနိုင်ငံတွင် တရုတ်နိုင်ငံသူ အသက်(၃၈)နှစ်အရွယ် အမျိုးသမီးအား ချစ်သူအဖြစ်ထားရှိကာ သူမ၏ ပြည့်တန်ဆာပြုခြင်းကို စီမံပေးနေသည့်အတွက် သူမအား လိင်ကျွန်ပြုထားသလို ခံစားလာရကာ သူမ၏ ချစ်သူအဖြစ်ရှိနေသော အသက်(၅၀)နှစ်အရွယ် အမျိုးသားအား လမ်းခွဲဖို့ပြောရာ ထိုအမျိုးသားက သူမကို ဓါးဖြင့် ပါးကိုမွှန်းသလိုလုပ်ခဲ့သည့်အတွက် ပါးတွင် ပွန်းပဲ့ဒဏ်ရာရခဲ့ခြင်း ၊ ဒါ့အပြင် ထိုသူက သူမ၏ ရင်ဘတ်ကို ဓါးဖြင့်ထောက်၍ သတ်ပစ်မည်ဆိုခဲ့သောကြောင့် ရဲတိုင်ခဲ့သဖြင့် ထိုအမျိုးသားအား တနင်္လာနေ့က အမျိုးသမီးကို
နာကျင်စေမှုနဲ့ ထောင်ဒဏ်နှစ်လ တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့သည်။
ဒါ့အပြင် ပြည့်တန်ဆာ စီမံခန့်ခွဲမှုအား တရားမဝင် လုပ်ဆောင်ခဲ့သဖြင့် နောက်ထပ် ထောင်ဒဏ်နှစ်လ ထပ်မံ၍ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
ထိုသူက ၂၀၁၀ ဒီဇင်ဘာလတုန်းက Geylang မှာ ၎င်း၏ချစ်သူနှင့် အဖော်များ ပြည့်တန်ဆာပြုလုပ်စားရာ၌ ရဲတွေလာလျှင် ကြိုတင်အသိပေး ဖုန်းခေါ်ခြင်း ၊ ဘယ်အချိန်တွင် Customer ကို လုံလုံခြုံခြုံ ကောက်ယူ ခေါ်ဆိုရမည်ကို အကြံပေးခြင်း စသဖြင့်တို့ကို ပြုလုပ်ခဲ့သည်ဟု သိရသည်။
Source : Straitstimes

No comments:

Post a Comment