Monday, 2 July 2012

အိန္ဒိယအရှေ့မြောက်ပိုင်းတွင် ရေကြီးမှုကြောင့် လူ(၇၉)ဦးသေဆုံး



အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ပိုင်းဒေသတွင် ဆိုးရွားစွာရေကြီးမှုကြောင့် လူ(၇၉)ဦးသေဆုံးခဲ့ကာ လူ၂၂သန်းဟာ ဘေးလွတ်ရာသို့ အိုးပစ်အိမ်ပစ် စွန့်ခွာသွားရကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ပိုင်းရှိ Bhutan နှင့် Bangladesh တို့၏ နယ်စပ်လည်းဖြစ်သော Assam ပြည်နယ်တွင် ရေကြီးမှုမှာ
အဆိုးရွားဆုံးဖြစ်ပြီး Brahmaputra မြစ်ရံတံတိုင်း ကျိုးပေါက်သည်အထိ ဖြစ်ကာ Arunachal Pradesh နှင့် Manipur ပြည်နယ်များတွင်လည်း ဆိုးဆိုးရွားရွား ရေကြီးမှုတွေ ဖြစ်ပေါ်နေကြောင်း သိရသည်။
Assam ပြည်နယ်အစိုးရ၏ အဆိုအရ ခရိုင် ၂၇ခုရှိသည့်အနက် ခရိုင်၂၆ခုတွင် ရေကြီးမှုများ ကြုံတွေ့နေရကြောင်း သိရပြီး များစွာသောလူနေများဟာလည်း ရေကြီးမှုဒဏ်ခဲ့ကြောင်းနှင့် သည်းထန်သောမိုးကြောင့် စိုက်ခင်းများဟာလည်း ရေဖုံးလွှမ်းခဲ့ပြီး လမ်းများလည်း ပိတ်ဆို့ခဲ့ကြောင်း သိရသည်။
Source :  Stratistimes

1 comment:

  1. အခုလိုသတင်းလေးတွေတင်ပေးတဲ့အတွက်ကျေးဇူးပါ ဧဒင်ရေ

    ReplyDelete