Sunday, 8 July 2012

ချင်းမိုင်က မြန်မာဘုန်းကြီးကျောင်း အုပ်ချုပ်ရေးပုံစံပြောင်းဖွယ်ရှိ

နိုဝင်ဘာလ ဝပ်ဆိုင်မွန်း ကထိန်ပွဲမြင်ကွင်းတခု (ဓာတ်ပုံ - ဧရာဝတီ)

ချင်းမိုင်မြို့က မြန်မာဘုန်းကြီးကျောင်းမှာ မြန်မာသံဃာတွေ သီတင်းသုံးနေကြပါတယ်။
ဒါပေမယ့် မနက်ဖန်က စတင်ပြီး ကျောင်းရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို ထိုင်းအာဏာပိုင်တို့က တာဝန်ယူတော့မယ် ဆိုတဲ့သတင်း ကြားရပါတယ်။

ချင်းမိုင်မြို့ ကျုံးတောင်ဘက်မှာ ရှိတဲ့ ဒီကျောင်းအမည်က ၀ပ်ဆိုင်မွန်း မြန်မာဘုန်းကြီးကျောင်း ဖြစ်ပါတယ်။

ဒီကျောင်းနဲ့ အဆက်အသွယ်ရှိတဲ့ ချင်းမိုင်ရောက် မြန်မာပြည်သားတချို့က မနက်ဖြန် မွန်းတည့်ချိန် ၀န်းကျင် ကျောင်းကို သွားကြမယ်၊ စုဝေး အင်အားပြကြမယ်လို့ သိရပါတယ်။

ဒီကျောင်းကို မြန်မာသံဃာများကပဲ ဆက်လက် စီမံ အုပ်ချုပ်စေလိုတယ် ဆိုတဲ့ သူတို့ရဲ့ ဆန္ဒကို အာဏာပိုင်များ သိအောင် ဖော်ထုတ်ကြမယ်လို့ ဆိုပါတယ်။

ကျောင်းရဲ့ အုပ်ချုပ်စီမံလုပ်ငန်းများ ထိုင်းအာဏာပိုင်တို့က ကိုင်တွယ်မယ် ဆိုရင် ဒီကျောင်းမှာ မြန်မာသံဃာတို့
သီတင်းသုံးနေကြတဲ့ အနေအထား တမျိုးတဖုံ ပြောင်းလဲသွားဖွယ်ရှိတယ်လို့ သူတို့က ယူဆနေကြတာပါ။

မကြာသေးမီက ကျောင်းထိုင် မြန်မာဆရာတော် ပျံလွန်တော်မူပြီးနောက်ပိုင်း ဒီလိုအခြေအနေတွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီကျောင်းဟာ စေတနာ နာရေးကူညီမှုအသင်း အခြေစိုက်ရာ ဒေသလည်း ဖြစ်ပါတယ်။ အသင်း ဒုဥက္ကဋ္ဌ မမီးမီးရဲ့ ဖုန်းနံပါတ်က 08 0677 7042 ဖြစ်ပါတယ်။ ကျောင်းရဲ့ လက်ရှိအနေအထား၊ ဒကာ ဒကာမများရဲ့ ဆန္ဒကို သိရှိလိုတဲ့ ဒေသခံ ထိုင်းသတင်းထောက်များ ရှိရင် ဒီတယ်လီဖုန်းနံပတ်ကို ဆက်သွယ်နိုင်ပါတယ် တဲ့။
by-.irrawaddy

No comments:

Post a Comment