Thursday, 19 July 2012

ဦးနှောက်မဖွံ့ဖြိုးတဲ့ မိန်းကလေးကို ဇနီးအကူအညီနဲ့ အဓမ္မကျင့်သော အစ်ကို

စင်္ကာပူနိုင်ငံတွင် ဦးနှောက်ဥာဏ်ရည်မဖွံ့ဖြိုးသော အသက်(၁၈)နှစ်အရွယ် မိန်းကလေးအား သူမ၏အစ်ကို(တဝက်) တော်စပ်သည့် အမျိုးသားက နှစ်ရက်တိတိ အဓမ္မ ပြုကျင့်ခဲ့ကြောင်း သိရသည်။
သူမ၏ မိဘများက သူမအား ထိုအစ်ကိုနှင့် သွားနေဖို့ ပို့ခဲ့ရာတွင် ထိုကဲ့သို့ အပြုကျင့်ခံခဲ့ရတာဖြစ်ကြောင်း သိရသည်။
အဓမ္မပြုကျင့်သော အစ်ကိုဖြစ်သူက ၎င်း၏ဇနီးအား ထိုမိန်းကလေး၏ ခြေထောက်ကို ကိုင်ထားဖို့ အဓမ္မပြုကျင့်နေစဉ်အတွင်း ပြောခဲ့တယ်လို့ သိရပါတယ်။
နောက်တစ်ကြိမ် ပြုကျင့်ရာမှာတော့ မပြုကျင့်ခင် အစ်ကိုဖြစ်သူက ၎င်းနှင့် သူ့ဇနီး အတူဆက်ဆံနေထိုင်ပုံကို ထိုမိန်းကလေးအား အရင်ကြည့်စေခဲ့ပြီးမှ ထပ်မံ၍ အဓမ္မပြုကျင့်ခဲ့တာဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က အဓမ္မပြုကျင့်မှု ၊ ဓမ္မတာကို ဆန့်ကျင်ပြီး လိင်ဆက်ယှက်မှု နှင့် ညစ်ညမ်းခွေများ လက်ဝယ်ရှိမှုတို့ကို ၎င်းအား အပြစ်ရှိကြောင်း ထွက်ဆိုခဲ့သည်ဟု သိရသည်။
Source : Straitstimes

1 comment:

  1. အဖြစ်ဆိုးတဲ့သတင်းလေးပါလားကွယ်

    ReplyDelete