Thursday, 19 July 2012

နီပေါ၌ ဘတ်စ်ကား မြစ်ထဲထိုးကျ၊ ခြောက်ဦးသေဆုံး

နီပေါနိုင်ငံ အလယ်ပိုင်း ဒိဟာဒင်းခရိုင်ရှိ ထရီရှူးလီမြစ်အတွင်းသို့ ဇူလိုင် ၁၆ ရက် နံနက်က ခရီးသည်တင် ဘတ်စ်ကားတစ်စီး ထိုးကျမှုကြောင့် အနည်းဆုံး ခြောက်ဦးသေဆုံးပြီး ၂၄ ဦးထက်မနည်း ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ဘတ်စ်ကားသည် ယုဒီယာယာပါခရိုင် ကာတာရီဒေသမှ ခတ္တမန္ဒူမြို့သို့ ဦးတည်မောင်းနှင်လာခြင်းဖြစ်ကြောင်း သိရသည်။ ယင်းဘတ်စ်ကားသည် ခရီးသည် ၅၇ ဦးအား တင်ဆောင်ကာ မောင်းနှင်လာပြီး မိုးဖွဲ့များ ကျနေစဉ်အတွင်း
ဘရိတ်ချွတ်ယွင်းမှုကြောင့် ရုတ်တရက် မြစ်အတွင်း ထိုးကျခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။ ထိုသို့ဖြစ်ပွားပြီးနောက် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ဝင် ၂၀ တို့က သေဆုံးသူအမျိုးသမီးတစ်ဦး၊ ကလေးငယ်တစ်ဦးနှင့် အမျိုးသားလေးဦးတို့အား မြစ်အတွင်းမှ ဆယ်ယူခဲ့ပြီး ဒဏ်ရာရသည့် ခရီးသည်များကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ထားသည်ဟု သိရသည်။ (အင်တာနက်)

No comments:

Post a Comment