Thursday, 12 July 2012

သင်္ကြန်မိုး ရိုက်ကွင်းနေရာမှာ ဓာတ်ဆီဆိုင် မဖွင့်ရေး ဆန္ဒပြ




ဓာတ်ဆီဆိုင် ဆောက်လုပ်ရေး မြင်ကွင်း (ဓာတ်ပုံ - မန်းသားလေး/ဧရာဝတီ)

မန္တလေး ကြားပွဲတန်းရပ်မှာ ဓာတ်ဆီဆိုင်ကြီးတဆိုင် ဆောက်နေတာကို ဒေသခံတချို့က ကန့်ကွက် ဆန္ဒပြနေကြပါတယ်။

ဒီနေရာဟာ သင်္ကြန်မိုး ရုပ်ရှင် ဇာတ်ကားထဲမှာ ပါဝင်ခဲ့တဲ့ အိမ်နဲ့ မြေနေရာပါ။ အခုတော့ ဓာတ်ဆီဆိုင် ဆောက်လုပ်ရေး လုပ်ငန်းခွင် ဖြစ်နေပါပြီ။

ဟိုတုန်းက မီးလောင်ပြီဟေ့ ဆိုရင် အိမ်တွေ ရာထောင်ချီ မီးထဲပါသွားတဲ့အထိ အကြီးအကျယ် လောင်တတ်တာ မန္တလေးပါ။

ပြာပုံထဲက ပြန်ပြန်ထလာရတဲ့ မန္တလေးမှာ ဒီလို ကန့်ကွက်တယ် ဆိုတာ သဘာဝ အင်မတန်ကျပါတယ်။

လောလောဆယ်တော့ မြို့ထဲမှာ ဆီဆိုင်ကြီး ၇၀ ကျော်ခန့် ရှိတယ်လို့ သိရပါတယ်။

မူရင်းသတင်း အပြည့်အစုံကို ဧရာဝတီ ပင်မ စာမျက်နှာ Burma.Irrawaddy.org/archives/14705 မှာ ဖတ်ရှုနိုင်ပါပြီ။

No comments:

Post a Comment