Thursday, 30 August 2012

ပြဿဒါးနေ့မှာ သမ္မတရုံး အလုပ်မလုပ်ပါ

မှူးဇော်၏ ဖေ့စ်ဘုတ်စာမျက်နှာ
ပြဿဒါးနေဖြစ်လို့ အမိန့်ကြေညာစာတွေ ထွက်ဖို့ မရှိပါကြောင်းဆိုပြီး သမ္မတရုံး ညွှန်ကြားရေးမှူး တယောက်ရဲ့ မှူုးဇော် အမည်နဲ့ ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။

ဒီအတိုင်းဆို ၁၃ ဂဏန်းတွေ၊ ပြဿဒါးတွေ ရှောင်ပြီး အလုပ်လုပ်နေတဲ့ သမ္မတရုံးဖြစ်ပါတယ်။ တနည်းအားဖြင့် အဲဒီရက်တွေမှာ သမ္မတရုံးက အလုပ်မလုပ်ဘူးဆိုတဲ့ သဘော သက်ရောက်နေပါတယ်။

ကြည့်ရတာ သမ္မတရုံးမှာ ရက်ရာဇာ၊ ပြဿဒါး ရွေးပြီး အလုပ်လုပ်နေကြတယ် ထင်ပါတယ်။ ဒီလိုသာ ရက်ရာဇာ ၊ ပြဿဒါးလို့ သတ်မှတ် ထားတာတွေအပေါ် အယုံအကြည်ရှိပြီး အလုပ်လုပ်တဲ့ရက်၊ မလုပ်တဲ့ ရက်တွေ ခွဲခြားနေနမယ်ဆိုရင် သန်း ၆၀ သော မြန်မာနိုင်ငံသားများ အတွက် ရင်လေးစရာပါ။

ဒါဟာ ဘာကို ပြသလဲ ဆိုရင် မိမိကိုယ် မိမိ ယုံကြည်မှု မရှိတာကို ပြသလိုက်တာလည်းဖြစ်ပါတယ်။

တချိန်က စကားပုံတခုရှိပါတယ်။ မင်းတို့ထွက် ရက်ရာဇာ ဆိုတဲ့စကားဟာ သတ္တိရှိသူ၊ ကိုယ့်ကိုယ်ကို ယုံကြည် ကြတဲ့ တိုင်းပြည် ခေါင်းဆောင်တွေအတွက် ရင်ဝယ်ပိုက်ခဲ့တဲ့ စကားလည်းဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်အနေနဲ့ ပြုပြင်ပြောင်းလဲရေး၊ တိုင်းပြည်ကောင်းစားရေးအတွက် အမိန့်ထုတ် သမျှ နေတိုင်း ဟာ ရက်ရာဇာပဲ ဖြစ်နေပါလိမ့်မယ်။

By- လင်းသန့် ( ဧရာဝတီ )

No comments:

Post a Comment