Monday, 27 August 2012

လက်ထပ်ပြီးကာစ အမျိုးသမီး တစ်ဦး သတို့သမီးဝတ်စုံဖြင့် ဓာတ်ပုံအရိုက်ခံစဉ် ရေနစ်သေဆုံး

သတို့သမီးဝတ်စုံဖြင့် ဓာတ်ပုံအရိုက်ခံစဉ် ရေနစ်သေဆုံး

လက်ထပ်ပြီးကာစ အမျိုးသမီး တစ်ဦးသည် သတို့သမီးဝတ်စုံဖြင့် ဓာတ်ပုံအရိုက်ခံရင်း မတော်တဆမှု တစ်ခု
ကြောင့် ရေနစ်သေဆုံးခဲ့သည့် ကြေကွဲဖွယ် ဖြစ်စဉ်တစ်ခု ကနေဒါတွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အသက်(၃၀) အရွယ်ရှိ မာရီယာ ပန်တာဇိုပူလော့စ်သည် ဒေါ်ဝင်ရေတံခွန် အနီးရှိ အော်ရီရော် ရေတံခွန် အ
နီးတွင် သတို့သမီး ဝတ်စုံကို ဝတ်ဆင်ကာ အလှဓာတ်ပုံ ရိုက်ရင်း ရေထဲပြုတ်ကျသွားခြင်း ဖြစ်သည်။

ပီးခဲ့သည့် သီတင်းပတ်ကုန်က သူမသည် ဒေါက်မြင့်ဖိနပ်ကို စီးနင်းကာ ကျောက်တုံးများအနီး သွားလာနေရင်း သတို့သမီး ဝတ်စုံသည် ရေစီးထဲ နစ်မြောကာ သူမကို တရွတ်ဆွဲသွားခြင်း ဖြစ်သည်။ ရဲများရောက်ရှိလာချိန်တွင် အခင်းဖြစ်ရာ နေရာ၌ ဒေါက်မြင့်ဖိနပ်အပြင် ကျောက်တုံးများပေါ် တင်ထားသည့် အခြား အဖြူရောင် သတို့သမီးဝတ်စုံ တစ်စုံကိုသာ တွေ့မြင်ရတော့သည်။


မွန်ထရယ် မြောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စကို ကိုယ်တွေ့မြင်လိုက်ရသည့် ဓာတ်ပုံဆရာနှင့် အခြား
တစ်ဦးမှာ အလွန်အမင်း တုန်လှုပ်နေပြီးနောက် ဆေးရုံတွင်ပင် ကုသမှု ခံယူခဲ့ရသည်။ CBCသတင်းဌာက အမျိုးသမီးသည် သူမခြေချော်သွားသည်ကို အသိပေး အော်ဟစ်ရင်း ရေထဲပြုတ်ကျသွားခြင်းဟု မျက်မြင်များ
၏ အဆိုကို ကိုးကားဖော်ပြခဲ့သည်။ မာရီယာသည် ဇွန်လ (၆)ရက်နေ့ကမှ လက်ထပ်ထားသည့် သတို့သမီး
ဖြစ်ပြီး ရှုခင်းလှပသော အဆိုပါ နေရာတွင် လာရောက်၍ ဓာတ်ပုံရိုက်ခဲ့ခြင်း ဖြစ်သည်။



"သူက ရေထဲကို နည်းနည်းဆင်းပြီး ရေကူးနေတဲ့ ပုံမျိုးလေး ရိုက်ချင်တယ်လို့ ပြောတယ်။ ဒါပေမဲ့ သူ့ဝတ်စုံက
ရေစိုပြီး အရမ်းလေးသွားတာနဲ့ တူပါတယ်။ သူဒုက္ခဖြစ်နေမှန်း သိလိုက်ချိန်မှာ ကျွန်တော် အစွမ်းကုန် ကယ်ဖို့ ကြိုးစားပေမယ့် မရလိုက်တော့ဘူး"ဟု ဓာတ်ပုံဆရာ လူးဝစ်ပါဂါကစ်က ပြောကြားခဲ့သည်။ 

မာရီယာ၏ ရုပ်အလောင်းကို နာရီပေါင်း အတော်ကြာမှ ပြန်လည် ဆယ်ယူ ရရှိခဲ့ပြီး သူမသည် သတို့သမီး
ဝတ်စုံ ဝတ်ဆင်လျက်သားရှိနေဆဲဟု သိရသည်။ ရဲများက သတို့သမီး ဝတ်စုံတွင် အလှဆင် ထည့်သွင်းထား
သည့် ပစ္စည်းများ၏ လေးလံမှုကြောင့် မာရီယာအား ရေအောက်သို့ ဆွဲချသွားခြင်းဟု ကောက်ချက်ချခဲ့
သည်။


Planet Myanmar Media:

No comments:

Post a Comment