နိုင်ငံတော် လုပ်ကြံမှု အစီအစဉ်တစ်ရပ်ကို ဖုံးဖိထားနိုင်ရေးအတွက် အမေရိကန်တပ်ဖွဲ့ဝင် လေးဦးတို့သည် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား သတ်ဖြတ်ခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်မှ အစိုးရရှေ့နေများက သြဂုတ် ၂၇ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါ အမေရိကန်တပ်ဖွဲ့ဝင် လေးဦးတို့သည် အက်ဖ်အီးအေအာရ် အမည်ရှိ မင်းမဲ့ဝါဒီစစ်အုပ်စုအဖွဲ့ဝင်များဖြစ်ပြီး အမေရိကန်သမ္မတ ဘားရက်အိုဘားမားကို လုပ်ကြံသတ်ဖြတ်ကာ အစိုးရအဖွဲ့အား ဖယ်ရှားရန် ကြံစည်နေသူများဖြစ်ကြောင်း ဂျော်ဂျီယာပြည်နယ် အစိုးရရှေ့နေများက ဖော်ထုတ်တင်ပြခဲ့သည်။ ယင်းအပြင် အဆိုပါ တပ်ဖွဲ့ဝင် လေးဦးတို့သည် ၄င်းတို့အခြေစိုက်သည့် ဖို့စတီးဝပ်အမည်ရှိ စစ်စခန်းနှင့် ၀ါရှင်တန် ပြည်နယ်မှ ဆည်တစ်ခုကို တိုက်ခိုက်ရန်လည်း ကြံစည်ထားပြီး ယင်းတိုက်ခိုက်မှုများအား အကောင်အထည်ဖော်ရန်အတွက် အမေရိကန်ဒေါ်လာ ၇၀၀၀ ဖိုးရှိသော လက်နက်များ ၀ယ်ယူထားကြောင်း အစိုးရှေ့နေများက စွဲချက်တင်ထားသည်။ ယင်းအမှုသည် စစ်ဘက်နှင့် ပတ်သက်မှု ရှိသော်လည်း တရားစွဲဆိုခံထားရသူ တပ်ဖွဲ့ဝင်များအား အရပ်ဘက်တရားရုံးက စစ်ဆေးမေးမြန်းနေကြောင်း သိရသည်။ (အင်တာနက်)
Thursday, 30 August 2012
သမ္မတကို လုပ်ကြံမည့် အစီအစဉ် မပေါက်ကြားရန် အမေရိကန်တပ်ဖွဲ့ဝင်လေးဦး လူသတ်မှုကျူးလွန်
နိုင်ငံတော် လုပ်ကြံမှု အစီအစဉ်တစ်ရပ်ကို ဖုံးဖိထားနိုင်ရေးအတွက် အမေရိကန်တပ်ဖွဲ့ဝင် လေးဦးတို့သည် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား သတ်ဖြတ်ခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်မှ အစိုးရရှေ့နေများက သြဂုတ် ၂၇ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါ အမေရိကန်တပ်ဖွဲ့ဝင် လေးဦးတို့သည် အက်ဖ်အီးအေအာရ် အမည်ရှိ မင်းမဲ့ဝါဒီစစ်အုပ်စုအဖွဲ့ဝင်များဖြစ်ပြီး အမေရိကန်သမ္မတ ဘားရက်အိုဘားမားကို လုပ်ကြံသတ်ဖြတ်ကာ အစိုးရအဖွဲ့အား ဖယ်ရှားရန် ကြံစည်နေသူများဖြစ်ကြောင်း ဂျော်ဂျီယာပြည်နယ် အစိုးရရှေ့နေများက ဖော်ထုတ်တင်ပြခဲ့သည်။ ယင်းအပြင် အဆိုပါ တပ်ဖွဲ့ဝင် လေးဦးတို့သည် ၄င်းတို့အခြေစိုက်သည့် ဖို့စတီးဝပ်အမည်ရှိ စစ်စခန်းနှင့် ၀ါရှင်တန် ပြည်နယ်မှ ဆည်တစ်ခုကို တိုက်ခိုက်ရန်လည်း ကြံစည်ထားပြီး ယင်းတိုက်ခိုက်မှုများအား အကောင်အထည်ဖော်ရန်အတွက် အမေရိကန်ဒေါ်လာ ၇၀၀၀ ဖိုးရှိသော လက်နက်များ ၀ယ်ယူထားကြောင်း အစိုးရှေ့နေများက စွဲချက်တင်ထားသည်။ ယင်းအမှုသည် စစ်ဘက်နှင့် ပတ်သက်မှု ရှိသော်လည်း တရားစွဲဆိုခံထားရသူ တပ်ဖွဲ့ဝင်များအား အရပ်ဘက်တရားရုံးက စစ်ဆေးမေးမြန်းနေကြောင်း သိရသည်။ (အင်တာနက်)

No comments:
Post a Comment