Wednesday, 5 September 2012

နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ရှာဖွေတွေ့ရှိခဲ့သည့် ကမ္ဘာ့အကြီးဆုံး ပုစွန်တုပ်ကြီးအား အဘာဒင်းတက္ကသိုလ်တွင် ပြသ


နှစ်ပေါင်း ၄၀ အတွင်း၌ ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိခဲ့သည့် ကမ္ဘာ့အကြီးဆုံး ပုစွန်တုပ်ကြီးကို အဘာဒင်းတက္ကသိုလ်၌ သတ္တဗေဒပြခန်းတွင် စက်တင်ဘာ ၃ ရက်က ပြသထားကြောင်း သိရသည်။ အဆိုပါ ပုစွန်တုပ်ကြီးကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလက နယူးဇီလန်ကမ်းလွန် ရေအောက်အနက် ၇၀၀၀ မီတာအကွာတွင် သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ပုစွန်တုပ်ကြီး၏ အရှည်မှာ ဦးခေါင်းမှ အမြီးထိ ၂၈ စင်တီမီတာ ရှိကြောင်း သိရသည်။ ၄င်းပုစွန်တုပ်ကြီးသည် သာမန်ပုစွန်တုပ်များထက် ၁၀ ဆခန့်ပို၍ ကြီးမားသည့်အတွက် ၄င်းတို့အား အီကွေတာ တောင်ပိုင်းတွင် ယခင်က တစ်ကြိမ်တစ်ခါမှ တွေ့ဖူးခြင်း မရှိခဲ့ကြောင်း၊မိမိတို့သည် ငါးများကိုသာ ရှာဖွေနေခြင်းဖြစ်ပြီး ထိုပုစွန်တုပ်ကြီးကို တွေ့ရှိလိမ့်မည်ဟု မျှော်လင့်မထားကြောင်း၊ ၄င်းကို တွေ့ရှိခဲ့သည့်အတွက်လည်း အလွန်ပင် အံ့အားသင့်ခဲ့ရကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။ (အင်တာနက်)

No comments:

Post a Comment