နှစ်စဉ်ကျင်းပနေကျ ကိုလံဘိုမြို့တော်၌ ကျင်းပသော သီရိလင်္ကာနိုင်ငံ၏
အကြီးကျယ်ဆုံး ကျောက်မျက်ရတနာပြပွဲသို့ တက်ရောက်ခဲ့သော အသက်(၃၂)နှစ်အရွယ်
တရုတ်အမျိုးသားတစ်ဦးသည် စက်တင်ဘာ(၅)ရက်နေ့က အမေရိကန်ဒေါ်လာ တစ်သောင်း
သုံးထောင့်ရှစ်ရာ တန်ဖိုးရှိ စိန်ကို ခိုးယူတဲ့အနေနဲ့ မြိုချခဲ့ကြောင်း
သိရသည်။
သူက ပြသထားသော စိန်ကို ချီးမွမ်းပြောဆိုသလိုနဲ့ ရုတ်တရက်
သူ့ပါးစပ်အတွင်းသို့ ထည့်ခဲ့တာဖြစ်ကြောင်း သိရသည်။ ဒါကို
ပိုင်ရှင်က မြင်သွားပြီး ရဲကို အသိပေးခဲ့တာဖြစ်ကြောင်း သိရသည်။
ထို့နောက် ထိုအမျိုးသားအား ကိုလံဘိုဆေးရုံသို့ ဖမ်းဆီးခေါ်သွားပြီး ဝမ်းနှုတ်ဆေးကျွေးခဲ့တာဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment