Wednesday, 31 October 2012
ဝါ၀ါဝင်း ကုမ္ပဏီရုံးရှေ့တွင် လယ်မြေအသိမ်းခံလယ်သမားများဆန္ဒထုတ်ဖော်
ရန်ကုန်တိုင်းဒေသကြီး၊လသာမြ
ို့နယ် အနော်ရထာလမ်းနှင့် စဥ့်အိုးတန်းလမ်းထောင့်ရှိ ၀ါဝါ၀င်း ကုမ္ပဏီရုံးရှေ့တွင် လှိုင်သာယာမြို့နယ်၊အတွင်းပဒ
န်ကျေးရွာမှ လယ်မြေအသိမ်းခံရသူလယ်သမား ၅၀ဦးခန့်က ၎င်းတို့၏နစ်နာမှုများ အားမြို့ရွာနှင့်အိုးအိမ်ဦ
းစီးဌာန(သို့မဟုတ်)၀ါဝါ၀င်း
ကုမ္ပဏီဘက်မှ လာရောက်ဖြေရှင်းပေးရေး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြေ
ာင်း သတင်းရရှိသည်။ ဆန္ဒထုတ်ဖော်မှုကို အောက်တိုဘာလ ၃၁ရက်နေ့နံနက် ၁၀နာရီ ၃၀မိနစ်မှ ၁၂နာရီ ၃၀မိနစ်အထိ လသာမြို့နယ်ရဲတပ်ဖွဲ့စခန်း၏
ခွင့်ပြုမိန့်နှင့် တရားဝင်ပြုလုပ်ခြင်းဖြစ်ကြေ
ာင်း သို့ရာတွင် ၎င်းတို့အား သက်ဆိုင်ရာ အိုးအိမ်ဦးစီးဌာနနှင့် ၀ါဝါ၀င်းကုမ္ပဏီတို့ဘက်မှ လာရောက်ဖြေရှင်းပေးခြင်းမရှ
ိသောကြောင့် ခွင့်ပြုချိန် ကုန်ဆုံးသော်လည်း နိုဝင်ဘာလ ၁ရက်နေ့ နံနက် ၁နာရီအချိန်ခန့်အထိ ဆက်လက်ဆန္ဒထုတ်ဖော်မှုပြုလုပ်
လျက်ရှိပြီး သက်ဆိုင်ရာနှင့်ကုမ္ပဏီဘက်မှ
လာရောက်ဖြေရှင်းမှုမပေးမချင်
း ဆန္ဒထုတ်ဖော်မှုပြုလုပ်သွားမည
်ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်မှုပြုလုပ်လျက်ရှ
ိသည့် ကိုပေါက်ကပြောပြခဲ့သည်။ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သည့် ဒေါ်မြင့်မြင့်သိန်းက''အဒေါ် ကလယ်လေးဧကအသိမ်းခံခဲ့ရတာပါ။
အိုးအိမ်က လာရောက်ဖြေရှင်းမပေးမချင်း မပြန်ပါဘူး။ဖမ်း မယ်ဆိုရင်လည်း အကုန်လုံးလိုက်သွားပြီး သက်ဆိုင်ရာကို ကျွန်မတို့နစ်နာတာတွေပြောပြ
ချင်ပါတယ်။အခုအချိန်မှာတော့
သူတို့ဆီက လျော်ကြေးလည်း မလိုချင်တော့ပါဘူး။သူတို့တေ
ွဆီကို လျော်ကြေးတောင်းရတာ ရှက်ဖို့တောင်ကောင်းပါတယ်။က
ိုယ့်လယ်ကိုပဲ ပြန်လိုချင်ပါတယ်''ဟု ပြောပြခဲ့ပါသည်။ အောက်တိုဘာလ ၂၂ရက်နေ့နဲ့ ၂၃သုံးရက်နေ့များတွင်လည်း လယ်သမားစုစုပေါင်း ၇၀ဦးဝန်းကျင်မှ ၀ါဝါ၀င်းကုမ္ပဏီရှေ့တွင် ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြေ
ာင်း ကုမ္ပဏီမှ အနော်ရထာစက်မှုဇုန်(၂)ရှိ လယ်သမားများနှင့် ညှိနှိုင်းမှုများပြုလုပ်ခဲ့ေ
သ်ာလည်း အနော်ရထာစက်မှုဇုန် (၁)ရှိလယ်သမားများအားညှိနှို
င်းမှု မပြုလုပ်ခဲ့ခြင်းကြောင့် တရားဝင် ဆန္ဒထုတ်ဖော်ခွင့်လျောက်ထာြး
ပီး ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်
းသိရသည်။ ၀ါဝါ၀င်းကုမ္ပဏီမှ MD ဒေါ် စန်းစန်းဝင်းက''ဒီနေ့ဆန္ဒထုတ
်ဖော်တာကို ကုမ္ပဏီအနေနဲ့ ဘာမှပြော စရာမရှိပါဘူး။အန်တီတို့အနေန
ဲ့က စက်မှုဇုန် အပိုင်း (၁) အပိုင်း(၂)ရယ်
လို့မဟုတ်ဘူး။ခြံစည်းရိုးကာ
ရံထားခြင်းမရှိသေးသောမြေကွက
်များကို အန်တီတို့က ညှိနှိုင်းပါတယ်။နဂိုကတည်းက သူတို့မှ မပိုင်တာ။သူတို့ ပိုင်တဲ့ဟာလည်းမဟုတ်တော့ဘူး
။ပိုင်ရှင်တွေအကုန်လုံး သူဟာနဲ့သူရှိပြီးသား။ရှိပြီ
းသားဖြစ်တဲ့အတွက် အန်တီတို့က ညှိနှိုင်းစရာမလိုဘူး။နဂိုကတ
ည်းက ခြံစည်းရိုးကာရံထားခြင်း မရှိသေးသောမြေကွက်များမှာ အခင်းဖြစ်တာပါ''ဟုပြောပြခဲ့
ပါသည်။ ၀ါဝါ၀င်းကုမ္ပဏီအနေဖြင့် ခြံစည်းရိုးကာရံထားခြင်းမရှ
ိသော မြေကွက်များကို တစ်ဧက ငွေကျပ် သိန်း ၃၀နှင့် သဘောတူညီမှုပြုလုပ်ထားကြောင်
း ဒေါ်စန်းစန်းဝင်းက ပြောပြပါသည်။ အဆိုပါဆန္ဒထုတ်ဖော်သူများမှ ခွင့်ပြုချိန်ထက်ပိုမို၍ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လျက်ရှိသောကြောင့် သက်ဆိုင်ရာရဲတပ်ဖွဲ့မှ လူစုခွဲမှုများ ပြုလုပ်ရန်သတိပေးမှုများပြုလ
ုပ်ထားပြီး လိုက်နာမှုမရှိပါက ဖမ်းဆီးအရေးယူဆောင်ရွက်မှုမျ
ားပြုလုပ်သွား မည်ဖြစ်ကြောင်းလည်း သိရသည်။
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment