ပုဂံဒေသသို့
ဝင်ရောက်မည့် ဂိတ်ပေါက်(၆)ခုရှိပြီး
ညောင်ဦးလေယာဉ်ကွင်းဂိတ်ဝင်ပေါက်တစ်ခုသာ စီစစ်စွာ ကောက်ခံလျှက်
ရှိကြောင်းကိုလည်း သိရသည်။ ဇုန်ဝင်ကြေးမပေးပဲ အများဆုံးဝင်ရောက်သောဂိတ်မှာ
ကားလမ်း ကြောင်းမှ ၀င်ရောက်သောဂိတ်များ ဖြစ်ကြောင်း သိရှိရသည်။
“ပုဂံမှာဇုန်ဝင်ကြေးမပေးပဲ
ဝင်ရောက်မှုတွေရှိနေပါတယ်၊ပုဂံမှမဟုတ်ပါဘူး၊ ယဉ်ကျေးမှုအမွေအနှစ်
ရှိတဲ့မြို့တွေ ၀င်ရင်ဇုန် ၀င်ကြေးပေးရပါတယ်၊ညောင်ဦးလေယာဉ်ကွင်းကတော့
ရောက်ပြီဆိုတာနဲ့မပေးလို့ကို မရပါဘူး။ အဓိက ကားလမ်းကြောင်းတွေ က နေမပေးပဲ
ဝင်နေတာပါ၊ ကားတွေက ညတို့မနက်စောတို့မှာ ရောက်တော့ ဇုန်ဂိတ်မှာရပ်မပေးပဲ
မောင်းသွားကြတာများတယ်”ဟု ပုဂံရှေးဟောင်း
ညွန်ကြားရေးမှုးဦးနိုင်ဝင်းက ပြောသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုံသို့
ဇုံဝင်ကြေးမပေးပဲ ၀င်ရောက်လာပါက ခရီးသွားများ အများဆုံးသွားရောက် သော
ပုဂံမြို့၏ရှု့ခင်းအလှနှင့်နေ၀င်ချိန်ကိုကြည့်ရှု့နိုင်ရန်အတွက်
ဘုရားပေါ်သို့တက်ခွင့်ပြုသော ရွှေစံတော် ဘုရားနှင့်
ထီးလိုမင်းလိုဘုရားများသို့ ၀င်ခွင့်မပေးကြောင်းကိုလည်း သိရှိရသည်။
ရွှေစံတော်ဘုရားနှင့် ထီးလိုမင်းလိုဘုရားများတွင်ဇုံဝင်ကြေးကောက်ခံသောဂိတ်များ ထားရှိကြောင်းကိုလည်း သိရှိရသည်။
“ဒီလထဲမှာကို
တရုတ်ခရီးသွားအယောက်ခြောက်ဆယ်ဇုံကြေးမပေးဘဲနှင့်ဝင်လာတာ ရွှေစံတော်ဘုရား
ရောက်တော့ လက်မှတ်ပြခိုင်းတော့ သူတို့မပြနိုင်ဘူးမပေးချင်တာနဲ့ မ၀င်ခဲ့ရဘူး”ဟု တရုတ် စကားပြန် မဆွေမာအေးက ပြောသည်။
အဆိုပါ
ဇုန်ကြေးကောက်ခံမှုမှာ ရှေ့တောင်အာရှနိုင်ငံများရှိ
တန်ခိုးကြီးစေတီများနှင့် ၀င်ကြေးနှိုင်းယှဉ်ပါက
အလွန်းနည်းပါးလျှက်ရှိကြောင်းကိုလည်း သိရသည်။
ပုဂံမြို့၏
နာမည်ကြီးဟိုတယ်များဖြစ်ကြသောသီရိပစ္စယာဟိုတယ်၊သံတဲ ဟိုတယ်၊ဧဒင်ဟိုတယ်
မေခလာ ဟိုတယ်များသည်ဇုံကြေးမပေးဆောင်ပဲဝင်ရောက်လာသောနိုင်ငံခြာသားများကို
ဇုံကြေးပေးဆောင်ပြီးမှ တည်ခိုခွင့်ပေးကြောင်းကိုလည်း သိရှိရသည်။
“ဧဒင်ဟိုတယ်တို့ မေခလာဟိုတယ်တွေကတော့ ဇုံကြေးပေးခဲ့ပြီလား အရင်မေးတယ်မပေးခဲ့ ရသေးဘူးဆိုရင် ကျွန်တော်တို့ဆီကို အကြောင်းကြားပါတယ်” ဟုပုဂံရှေးဟောင်းဌာနမှတာဝန်ရှိသူတစ်ဦး က ပြောသည်။
ယခင်နှစ်တွင်ပုဂံဒေသသို့ကမာလှည့်ခရီးသွားဦးရေ(၁၂၀၁၉၄)ယောက်ဝင်ရောက်ခဲ့ပြီး
ဇုံဝင်ငွေ (၁၂၀၁၉၄၀) ဒေါ်လာရရှိခဲ့ပြီး ယခုနှစ်အောက်တိုဘာ(၁)ရက်မှ
ဘာလ(၂၅)ရက်နေ့အထိ ခရီးသွားဦးရေ(၁၂၂၀၃)ယောက် ၀င်ရောက်ခဲ့ပြီး
ဇုံဝင်ကြေး(၁၂၁၆၉၅)ဒေါ်လာ ကောက်ခံရရှိကြောင်းကိုလည်း ပုဂံရှေးဟောင်းဌာနမှ
တာဝန်ရှိ သူ မစန်းစန်းယဉ်က ပြောသည်။
No comments:
Post a Comment