Sunday, 28 October 2012

ကတ္တရာ လမ်းပေါက်များ ဖာထေးပြုပြင်


နေပြည်တော် ကောင်စီနယ်မြေ အတွင်း ပြည်သူအများ သွားလာမှု လွယ်ကူ ချောမွေ့စေရန် ကတ္တရာ လမ်းပေါက် များ မရှိစေရေး အတွက်လမ်းပေါက်ဖာခြင်း လုပ်ငန်းများကို နေပြည်တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (လမ်းနှင့် တံတား)မှ ဆောင်ရွက်လျက် ရှိရာ နေပြည်တော် ပျဉ်းမနားမြို့ အောင်ချမ်းသာ ရပ်ကွက်  ဗိုလ်ချုပ်လမ်း (အထက-၁) အနီး လမ်းပေါ်တွင် လမ်းပေါက်ဖာခြင်း လုပ်ငန်း ဆောင်ရွက် နေမှုကို နေပြည်တော် စည်ပင် သာယာရေး ကော်မတီဝင်
ဦးကျော်မြင့်က ယမန်နေ့ နံနက် ပိုင်းက သွားရောက် ကြည့်ရှု စစ်ဆေးခဲ့သည်။ ယင်းကဲ့သို့ ဆောင်ရွက် ပေးမှုကြောင့် ပျဉ်းမနားမြို့ အရှေ့ ဘက်ရှိ ကျေးရွာများ၊ အာဟာရ သုခဈေးနှင့် ဘောဂသီရိ ကားဝင်းများသို့ ပြည်သူများ အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ပြီ ဖြစ်ကြောင်း သိ ရသည်။
by- myawady.

No comments:

Post a Comment