Friday, 26 October 2012

အဖေ၊အမေသွေးအပြည့်ပါတဲ့ ဒေးဗစ်ဘက်ခမ်းရဲ့ ကလေးတွေ

ဒေးဗစ်ဘက်ခမ်းနဲ့ ဗစ်တိုးရီးယား တို့ရဲ့ သားအကြီးဆုံး ဘရွတ် ကလင်း က ဂစ်တာတီးသင်တန်း တက်ရောက်နေပြီး "The Wanted" အဖွဲ့က တွမ်ပါကာကို သိပ်အားကျပါတယ်။ "The Wanted" အဖွဲ့ ရဲ့ ဖျော်ဖြေပွဲတွေ သွားကြည့်တဲ့ အခါ မှာလည်း သူတို့နဲ့အတူ တွဲဖျော်ဖြေဖို့ ဖိတ်ခေါ်ခံရရင် ဘရွတ်ကလင်းက တအား ပျော်လေ့ ရှိပါတယ်။ ဘက်ခမ်း ကလည်း သားဖြစ်သူရဲ့ ဝါသနာကို အားပေးတဲ့အပြင် "Gibson axe" ဂစ်တာ တစ်လက်ကို လက်ဆောင် ဝယ်ပေးခဲ့ ပါသေးတယ်။ သူတို့မောင်နှံရဲ့ သားသမီးတွေထဲမှာ ဘရွတ်ကလင်း တစ်ယောက်ပဲ အနုပညာ ဝါသနာပါတာ မဟုတ်ပါ ဘူး။ အသက်၁၅လ သာ ရှိသေးတဲ့ အငယ်ဆုံး သမီးလေး ဟာပါကို လည်း အက သင်တန်းတက်ဖို့ ဗစ်တိုရီးယား က စာရင်းသွင်း ထားပါ တယ်။ သွက်သွက် လက်လက်ရှိတဲ့ သမီးဖြစ်သူ အတွက် အကသင် တာက အကောင်းဆုံး အားကစားလို့ ဗစ်တိုးရီးယား ကတွေးပါတယ်။

No comments:

Post a Comment