Monday, 15 October 2012

ရုပ်ရှင်ကြည့်ရှုနေသည့် ပရိသတ်တစ်ဦး သတိလစ်ပြီး သေဆုံးမှုဖြစ်ပွားခဲ့




ရုပ်ရှင်ကြည့်နေသည့် ပရိသတ်တစ်ဦး သတိလစ်ပြီး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ သတိလစ်ပြီး သေဆုံးသွားသည့် ပရိသတ်တစ်ဦးကို ရုပ်ရှင်ပြီးဆုံးချိန်တွင် သန့်ရှင်းရေးပြုလုပ်ချိန်၌ ထိုင်ခုံအောက်၌ သတိလစ်နေသည်ကို တွေ့ရှိရ၍ ဆေးရုံသို့ကုသရန် သွားရောက်စဉ် သေဆုံးခဲ့ကြောင်း သိရှိရသည်။
သေဆုံးသွားသူမှာ အသက် ၃၀ နှစ်ခန့်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး လသာမြို့နယ်၊ ရွှေတိဂုံဘုရားလမ်း၊ သိမ်ကြီးဈေး (ဒီ) ရုံရှိ မင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံ၊ ထိုင်ခုံအမှတ် H.. တွင် မွန်းလွဲ ၃နာရီခွဲအချိန်ပွဲကို လာရောက်ကြည့်ရှုခဲ့သူ ပရိသတ်တစ်ဦးဖြစ်ကြောင်း သိရှိရသည်။
အလောင်းကို ရန်ကုန်ဆေးရုံမှ ပီအာရ်-၀၇၁ဖြင့်လက်ခံထားပြီး လသာရဲစခန်း သေမှုသေခင်းအမှတ် စဉ် ၉/၂၀၁၂ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment