Thursday, 4 October 2012

ထိုင်းနယ်စပ်တွင် စစ်ပြေးလေးယောက် ထိုင်းစစ်တပ်မှ ဖမ်းဆီးရမိ



ဒီမနက် ထိုင်းနယ်စပ်ကလာတဲ့ သတင်းတစ်ပုဒ်မှာ မဲဆောက်ခရိုင် မဟာဝမ်နယ်အနီး သောင်ရင်းမြစ်နဘေးက ပြောင်းဖူးခြံတစ်ခြံထဲမှာ မြန်မာတပ်ပြေးလေးဦးကို ဖမ်းမိကြောင်းဖော်ပြထားတယ်။

သူတို့ပုံစံက ဆာလောင်ငတ်ပြတ် အားအင်ကုန်ခမ်းပုံပေါက်နေတယ်။ မြန်မာစစ်တပ်ထဲက ဒုက္ခကို မခံနိုင်တော့လို့ ထက်ပြေးလာပြီး၊ ထိုင်းဘက်မှာ အလုပ်လာလုပ်ဖို့ ဆိုပါတယ်။ မျက်စိလည် လမ်းမှားပြီး

ပြောင်းဖူးခြံထဲ ပုန်းရာက ဖမ်းမိသွားတာပါ။
 
တပ်သားတွေက သန်းအောင်ထွေး ၊ ပြည်ဖြိုးအောင်၊ သီဟသူ၊ ဇေမင်းထွေး လို့ ထိုင်းလို ရေးထားတယ်။

အခုတော့ ထိုင်းစစ်တပ်ကနေ မြန်မာဘက်ခြမ်းကို ပြလွှဲပေးလိုက်ပြီလို့ သတင်းက ဆက်ဖော်ပြထားပါတယ်။http://www.manager.co.th/Local/ViewNews.aspx?NewsID=9550000121656

No comments:

Post a Comment