Friday, 12 October 2012

ဆံပင်မြုံပြီး ဝါးတတ်တဲ့ အကျင့်ရှိသူရဲ့ဗိုက်ထဲက (၄)ပေါင်အလေးချိန်ရှိ ဆံပင်လုံး ခွဲထုတ်ခဲ့ရ

အိန္ဒိယနိုင်ငံရှိ (၁၉)နှစ်အရွယ် မိန်းကလေး၏ ဗိုက်ထဲမှ အလေးချိန် (၄)ပေါင်ရှိသော ဆံပင်လုံးအား ဆရာဝန်များက ဗိုက်ခွဲထုတ်ယူပြီး ကုသခဲ့ရကြောင်း သိရသည်။
ထိုမိန်းကလေးဟာ စာသင်ယူချိန်တွင် သူမ၏ဆံပင်ကို မြုံပြီး ဝါးနေတတ်တဲ့ အလေ့အကျင့် ရှိတယ်လို့ Daily News တွင် ဖော်ပြထားခဲ့သည်။
ထိုမိန်းကလေးဟာ မစားနိုင် ၊ မသောက်နိုင်ဖြစ်သည်အထိ ဗိုက်ထဲက ပြင်းပြင်းထန်ထန် နာကျင်မှုကို ခံစားရပြီးနောက် အခုလို ခွဲစိတ်ကုသမှု ခံယူခဲ့ရတာဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment