လူ၁၀ဦး သေဆုံးသောယာဉ်တိုက်မှုဖြစ်ပွား
ရန်ကုန်မှ
ငသိုင်းချောင်းသို့ ပြေးဆွဲလျှက်ရှိသော မိဘမေတ္တာ ခရီးသည်တင်ယာဉ် နှင့်
ဇလွန် ဟသာင်္တသို့ ဘုရားဖူး သွားရာမှ ရန်ကုန်သို့ ပြန်လာသော Light Track
ယာဉ်တို့ ဧရာဝတီတိုင်း ဟင်္သာတခရိုင်၊ ဇလွန်နှင့် ဟင်္သာတကြားရှိ
ကျုံခမော်ကျေးရွာအနီး ယနေ့ မွန်းတည့် ၁၂နာရီခန့်က တိုက်မိရာ light Track
ယာဉ်မှ ယာဉ်ကိုးဦး နှင့် မိဘ မေတ္တာ ခရီးသည်ယာဉ်မှ ယာဉ်
နောက်လိုက်တစ်ဦးတို့ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း
ယင်းဒေသရှိ လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများကွန်ယက်အဖွဲ့ဝင်တစ်ဦးက
ပြောကြားချက်အရသိရှိ ရသည်။
No comments:
Post a Comment