Tuesday, 16 October 2012
အိုဘားမား၏ ဒင်ဗာမဲဆွယ်စည်းရုံးရေးရုံး သေနတ်ပစ်ခံရ
သမ္မတ ဘားရက်အိုဘားမား၏ မဲဆွယ်စည်းရုံးရေးအတွက် ဒင်ဗာ၌ ဖွင့်လှစ်ထားသော ရုံးကို တစ်စုံတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒင်ဗာရဲတပ်ဖွဲ့က စနေနေ့၌ ပြောကြားသည်။ သောကြာနေ့ ညနေပိုင်း သေနတ်ပစ်ခတ်မှု ဖြစ်ပွားချိန်တွင် ရုံးအတွင်း၌ လူများရှိနေကြောင်း၊ သို့သော် တစ်ဦးတစ်ယောက်မျှ ဒဏ်ရာရရှိခြင်းမရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ရုံး၏ မှန်ပြတင်းပေါက်မှာ သေနတ်ကျည်ဆန်ကြောင့် အစိတ်စိတ်အမြွှာမြွှာ ကွဲသွားသည်ဟု သိရသည်။ စုံစမ်းစစ်ဆေးသူများက လုံခြုံရေး ဗီဒီယိုကို ကြည့်ရှုစစ်ဆေးလျက်ရှိသည်။ သို့သော် သေနတ်ပစ်ခတ်ခြင်းနှင့် ဆက်စပ်လျက်ရှိနိုင်သည်ဟု ယူဆရသော ကားတစ်စီး၏ အမျိုးအစားကို
ယခုအချိန်အထိ အတည်မပြုနိုင်သေးပေ။ စုံထောက်များ သဲလွန်စကို လိုက်လံထောက်လှမ်းနေစဉ်အတွင်း အမှုနှင့်ပတ်သက်သော အခြားအသေးစိတ် အချက်အလက်များကို ရဲတပ်ဖွဲ့က ချက်ချင်းထုတ်ပြန်ခြင်းမပြုပေ။ (အင်တာနက်)

No comments:
Post a Comment