Tuesday, 2 October 2012

ကွန်တိန်နာ တစ်လုံးအတွင်းမှ လက်နက်ခဲယမ်းများ စစ်ဆေးတွေ့ရှိ

စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဒဂုံမြို့သစ်အရှေ့ပိုင်း စက်မှုဇုန်အတွင်းရှိ ဂျုံစက်ရုံတစ်ရုံ၏ ပြည်ပမှ ကုန်ကြမ်းပစ္စည်းများ တင်သွင်းလာသော ကွန်တိန်နာ တစ်လုံးအတွင်းမှ လက်နက်ခဲယမ်းများ ပါရှိလာသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။ ပါကစ္စတန်နိုင်ငံထုတ် ဂျုံစေ့များကို စင်ကာပူကုမ္ပဏီမှ တင်သွင်းပေးခြင်းဟု သိရပြီး လတ်တလောတွင် ဖြစ်စဉ်အပြည့်အစုံအား သိရှိရခြင်း မရှိသေးသော်လည်း မကြာမီ ထုတ်ပြန်ဖွယ်ရှိကြောင်း သိရှိရသည်။ အဆိုပါ ကွန်တိန်နာ သယ်ဆောင်သည့် နိုင်ငံနှင့် ဆိပ်ကမ်းများကိုလည်း သက်ဆိုင်ရာမှ ဆက်လက် စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment