Friday, 26 October 2012

ဟင်္သာတ လက်ဖက်ရည်ဆိုင်ရှိ ဖဲဝိုင်းကို ရဲဝင်ဖမ်း

ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတမြို့၊ ရွှေကူ ရပ်ကွက် အတွင်းရှိ လက်ဖက်ရည် ဆိုင်တွင် ဖဲ ကစား နေကြသူများ ကို အောက်တိုဘာ လ ၂၃ ရက်နေ့ ညနေပိုင်း က ဟင်္သာတ ခရိုင် ဒုစရိုက် နှိမ် နင်းရေး အဖွဲ့က ဖမ်းဆီး သွားကြောင်း အဆိုပါ ရပ်ကွက် အတွင်း နေထိုင်သူများ ထံမှ စုံစမ်း သိရှိ ရသည်။ ယင်းရပ်ကွက် ဗိုလ်မြတ်ထွန်း လမ်းရှိ အဆိုပါ လက်ဖက်ရည်ဆိုင် ၌ ဖဲကစား ကြသူ ၁၈ ဦး အရေးယူ ခံခဲ့ရပြီး ဟင်္သာတ မြို့၏ နာမည်ကျော် စီးပွားရေး လုပ်ငန်း ရှင် များ ပါဝင်ကြောင်း ၎င်းတို့နှင့် နီးစပ်သူ များက ပြောကြားသည်။

အဆိုပါ လက်ဖက်ရည် ဆိုင်၌ ဘိလိယက် ဝိုင်းနှင့် အခြား လောင်းကစား နည်းများလည်း ကစားလေ့ ရှိ ကာ ယခင်က ရဲတပ်ဖွဲ့ က ဝင်ထွက် သွားလာလေ့ ရှိသော်လည်း ဖမ်းဆီးခြင်း မရှိ ခဲ့ကြောင်း ယင်းဆိုင်သို့ သွားရောက် လေ့ရှိသူ များက ပြောဆိုသည်။

ယင်း အမှုကို ဟင်္သာတမြို့ အမှတ် ၁ ရဲတပ်ဖွဲ့ စခန်းက ပ ၁၇၇ / ၂ဝ၁၂ လောင်းကစား ဥပဒေ ပုဒ်မ ၁၃ က၊ ၁၄ က တို့ဖြင့် အမှုဖွင့် အရေး ယူခဲ့ သော်လည်း ဖမ်း ဆီး ထားသူ များကို အာမခံဖြင့် ယင်းနေ့ ညတွင် ပြန် လည် လွှတ်ပေး ခဲ့သည်။

REF: The Voice Weekly

1 comment: