မာဇဒါ မော်ဒယ်အဟောင်းကားတွေလည်းဘဝပြောင်းတော့မယ်.....
၁၉၇၉ မော်ဒယ် မာဇဒါ ၃၂၃ ကားတစီး
မာဇဒါ မော်ဒယ်အဟောင်းကားတွေလည်း
ကားသင်္ချိုင်း ရောက်ပါတော့မယ်။ လက်ကျန် မာဇဒါ အုပ်စု
ယာဉ်အိုယာဉ်ဟောင်းတွေကို ဒီကနေ့ က စတင်ပြီး ဖျက်သိမ်း အပ်နှံတာကို
စတင်လုပ်ဆောင်သွား ပါ တော့မယ်လို့ နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြလာပါတယ်။
နှစ် ၄၀ ကျော် သက်တမ်း ရှိနေပြီဖြစ်တဲ့ မာဇဒါ ကားတွေကို ဖျက်သိမ်းဖို့ အပ်နှံခဲ့ပါတယ်။
မာဇဒါ အမျိုးအစား စ၊ ဆ၊ ဇ
အက္ခရာယာဉ်တွေက ပထမအဆင့်၊ ဈ၊ ည အက္ခရာ ယာဉ်တွေက ဒုတိယ အဆင့်နဲ့ ဏ၊ နဲ့ ဗ
အက္ခရာ ယာဉ်တွေက တတိယ အဆင့်အနေနဲ့ ယာဉ်ပိုင်ရှင်တွေရဲ့ ဆန္ဒနဲ့ ဖျက်သိမ်း
အပ်နှံခဲ့ပြီးပါ ပြီတဲ့။
No comments:
Post a Comment