Thursday, 4 October 2012

ထိုင်းနိုင်ငံ တောင်ဘက်စွန်း ဒေသတွင် လေကြောင်း ကင်းထောက် ခြင်း တာဝန် ထမ်းဆောင်ရန် အတွက် Diamond DA42 Twin Star အမည်ရှိ အင်ဂျင်နှစ်လုံးတပ် ၄ ယောက်စီးထားရှိစေမည်

ထိုင်းလေတပ်သည် မငြိမ်မသက်မှုများ ဖြစ်ပွားလျက်ရှိသည့် နိုင်ငံ၏ တောင်ဘက်စွန်း ဒေသတွင် လေကြောင်း ကင်းထောက် ခြင်း တာဝန် ထမ်းဆောင်ရန် အတွက် Diamond DA42 Twin Star အမည်ရှိ အင်ဂျင်နှစ်လုံးတပ် ၄ ယောက်စီး လေယာဉ်အား ယခုနှစ် အကုန်ပိုင်းတွင် စေလွှတ် သွားမည် ဖြစ်ကြောင်း အောက်တိုဘာလ ၃ ရက်နေ့ Newsnow သတင်း တစ်ရပ်အရ သိရှိရပါသည်။ အဆိုပါ လေယာဉ်တွင် ဒစ်ဂျစ်တယ် နည်းပညာသုံး အပူအာရုံခံ ကင်မရာ ၂ လုံး တပ်ဆင် ထားခြင်းဖြင့် မြေပြင် တပ်ဖွဲ့များ အတွက် လေကြောင်း ကင်းထောက်ခြင်း တာဝန်အား ထောက်ကူ ပေးနိုင်မည်ဖြစ်ကြောင်း လေတပ်ဦးစီးချုပ် အသစ် လေတပ် ဗိုလ်ချုပ်ကြီး ပရာဂျင်ဂျန်တောင် ကပြောကြားခဲ့ပါသည်။ လက်ရှိအချိန်တွင် အဆိုပါ လေယာဉ်သည် ထိုင်းနိုင်ငံ မြောက်ပိုင်း နာခွန်ဆ ဝမ်ပြည်နယ်၊ တပ်ခ်လီခရိုင်ရှိ လေယာဉ်ကွင်းတွင် တပ်စွဲလျက်ရှိပြီး ယခုနှစ် အကုန်ပိုင်းတွင် နာရာသီဝပ်၊ ပတ္တနီနှင့် ဆောင်ခလာခရိုင် တစ်ခုခုရှိ လေယာဉ်ကွင်းတွင် ထားရှိစေမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ပရာဂျင် ဂျန်တောင်က ပြောကြား ခဲ့ပါသည်။ ယိုးဒယား လေတပ် သည် ထိုင်းနိုင်ငံ တောင်ပိုင်းတွင် မြေပြင် စစ်ဆင်ရေး တပ်ဖွဲ့များအား အထောက်အကူ ပြုရန်အတွက် လက်ရှိအချိန်အထိ အခြားလေယာဉ် ၃ စင်းနှင့် ရဟတ်ယာဉ်များ စေလွှတ်ထားပြီး ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment