Monday, 15 October 2012

လက်စွပ်၊ နားကပ်-ဖုန်း ORB

လက်စွပ်လို အသုံးပြုနိုင်သလို နားမှာလည်း ခွေပြီး ပတ်ထားလို့ ရပါတယ်။ သူ့ကို O.R.B လက်စွတ်လို့ အမည်ပေးထားပါတယ်။
အဝင်ဖုန်းဖြေဆိုမယ်ဆိုရင် လက်စွပ်ကို နားမှာ တပ်ဆင်လို့ရအောင် ခွေ လိုက်လို့ ရပြီး ဝင်လာတဲ့ Message တွေကိုလည်း လက်စွပ်ပေါ်က LED မျက်နှာပြင်သေးသေးလေးကနေ ဖတ်ရှုလို့ ရပါတယ်။ Bluetooth ပါဝင်ပါတယ်။ caller ID, Message, Calandar Reminder အစရှိသဖြင့်တို့ကို လက်စွတ်ကွင်းလေးပေါ်မှာ ဖော်ပြနိုင်ပါတယ်။
စမတ်ဖုန်းနဲ့ တွဲသုံးတဲ့ Bluetooth နားကြပ်ကိုမှ function စုံစုံလင်လင် အသုံးပြုလို့ရအောင် ဖန်တီးလိုက်ခြင်း ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက Hybra ခတ်မှီနည်းပညာ ကုန်ပစ္စည်း တီထွင်ထုတ်လုပ်ရေး ကုမ္မဏီမှ ရေးဆွဲ ဖန်တီးထားတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ အမှန်တကယ် ထုတ်လုပ်မှာ ဖြစ်ပြီး ပူးပေါင်း လုပ်ကိုင်မယ့် ကုမ္မဏီကို စောင့်ဆိုင်းလျက် ရှိတယ်လို့ သိရပါတယ်။

ံHybra ကုမ္မဏီရဲ့ ဝဘ်ဆိုဒ်မှာ အသေးစိတ် ဝင်ရောက်လေ့လာနိုင်ပါတယ်။

http://hybratech.com/products/orb.php

No comments:

Post a Comment