Tuesday, 16 October 2012

နှစ်နှစ်အရွယ် သမီး၏လက်ကို Super Glue ဖြင့် နံရံတွင်ကပ်ပြီး ရိုက်နှက်သည့်မိခင်ကို ထောင်ချ

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်ရှိ အသက်(၂၃)နှစ်အရွယ် မိခင်တစ်ဦးသည် သူမ၏ နှစ်နှစ်အရွယ် သမီး၏လက်အား Super Glue ဖြင့် နံရံတွင်ကပ်ပြီး ကလေးကို သေလုနီးပါး ရိုက်နှက်ကန်ကျောက် နှိပ်စက်ခဲ့သည့်အတွက် ထောင်ဒဏ်(၉၉)နှစ် ပြစ်ဒဏ်ကျခံစေရန် ထောင်တွင်းပို့လိုက်ကြောင်း ဒေသတွင်း သတင်းဌာနများက ထုန်ပြန်ခဲ့သည်။

သူမဟာ ၂၀၁၁ စက်တင်ဘာတုန်းက သူမ၏သမီးကို နှိပ်စက်ခဲ့တာဖြစ်ပြီး ဒီလိုရိုက်နှက် နှိပ်စက်ခဲ့သည့်အတွက် ကလေးငယ်၏ ဦးနှောက်မှ သွေးယိုပြီး ကလေးငယ်ဟာ သတိလစ်မေ့မြော coma ရသည့် အခြေအနေအထိ ဖြစ်အောင် ပြုလုပ်ခဲ့တာဖြစ်ကြောင်း သိရသည်။

by- (burmesehearts)

No comments:

Post a Comment