Saturday, 17 November 2012

ဆိုင်ကယ်နှင့် သိုဝှက်ယူဆောင်လာသော သိန်း ၁၄ဝတန်ဖိုး ရှိစိတ်ကြွဆေးပြားများဖမ်းဆီးရမိ

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုး မူးယစ်(အထူး)အဖွဲ့မှ ကြီးကြပ်သူအရာရှိ ဒုတိယရဲမှူးရဲနိုင် ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၁၁ ရက် နံနက်၁၁နာရီခွဲကလားရှိုးမြို့နယ် အေးရှားဝေါလ်တိုးဂိတ်အနီးမူးယစ်
ဆေးဝါးနှိမ်နင်းရေး တာဝန်များ ဆောင်ရွက်နေစဉ်

မူဆယ်မှလားရှိုးသို့ စိုးကိုကိုလွင် မောင်းနှင်၍ ၄င်း၏ ဇနီးယမင်းထွန်း စီ
းနင်းလာသည့် နံပါတ်မပါဆိုင် ကယ်အား ရပ်တန့် ရှာဖွေစစ်ဆေးရာ ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာ သောအိတ်အတွင်းမှ (WY) စာတန်း ပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား၄၂ဝဝဝတန်ဖိုးငွေကျပ်သိန်း၈၄ဝ နှင့်လက်ကိုင်ဖုန်းတစ်လုံးတို့အားသိမ်းဆည်းရမိသဖြင့်စိုးကိုကိုလွင်နှင့်ယမင်းထွန်း၊သယ်ဆောင်ခိုင်းသူ
ကျော်စိုး (ခ) အောင်မြင့်တို့ သုံးဦးအား လားရှိုး အမှတ်(၂) ရဲစခန်းမှ မယ(ပ)၃၁/၂ဝ၁၂၊ မူးယစ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ လည်းကောင်း၊ ထို့အတူ ခိုင်ဇာဦး မောင်းနှင်လာသည့် နံပါတ်မပါ ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသည့်ခရီးဆောင်အိတ်အတွင်းမှ(WY)စာတန်းပါပန်းရောင်စိတ်ကြွ ရူးသွပ် ဆေးပြား ၃၂ဝဝဝ တန်ဖိုးငွေကျပ် သိန်း ၆၄ဝ အား ရှာဖွေသိမ်းဆည်းရမိသဖြင့် ခိုင်ဇာဦး၊ စိုးကိုကိုလွင်နှင့် ယမင်းထွန်း တို့သုံးဦးအား လားရှိုးအမှတ်(၂) ရဲစခန်းမှ မယ(ပ) ၃၂/၂ဝ၁၂၊ မူးယစ် ပုဒ်မ ၁၅/၁၉(က)/ ၂၁အရလည်း ကောင်းအသီးသီးအရေးယူအမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment