Friday, 16 November 2012
ပညာတတ် အမျိုးသမီးများက အရက်ပိုမို သောက်သုံး
၁၉၇၀ လောက်ကတည်းက လန်ဒန်မှာ စစ်တမ်းကောက်ပြီး လေ့လာတွေ့ရှိထားတဲ့ အရာ တစ်ခု ဖြစ်ပါတယ်။ ပညာတတ်အမျိုးသမီးများက သာမန် အမျိုးသမီးများထက် အရက်ပိုမို သောက်သုံးကြတယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။
တက္ကသိုလ်တက်ပြီး ပညာတတ်မြောက်တဲ့ အမျိုးသမီးများဟာ ဘွဲ့မရတဲ့ အမျိုးသများထက် ၂ ဆ လောက် အရက်ပိုသောက်နိုင်ကြပါတယ်။ ထိုနည်းတူစွာ စာသင်ခန်းမှာ အဆင့်ကောင်းပြီး စာပိုတော်တဲ့ အမျိုးသမီး များဟာ အဆင့်နည်းတဲ့ စာညံ့တဲ့ မိန်းကလေးများထက် အရွယ်ရောက်ရင် ၁.၇ ဆလောက် အရက်ပိုမို သောက်သုံးနိုင်တယ်လို့ ဆိုပါတယ်။ အကြောင်းပြချက်က ယခုလို ဖြစ်ပါတယ်။
ပညာတတ်အမျိုးသမီးများဟာ လုပ်ငန်းခွင်ကို ထိုးဖောက်နိုင်ပြီး အမျိုးသား များနဲ့တန်းတူ ပြောဆိုဆက်ဆံရပါတယ်။ ဒီလို အတူပူးပေါင်း လုပ်ကိုင်ရာ မှာ လုပ်ကိုင်နိုင်စွမ်းရည် တန်းတူညီမျှရှိပြီး အမျိုးသားများနဲ့ ယှဉ်ဘောင် တန်း လုပ်ကိုင်နိုင်ကြောင်း စိတ်ကအလိုအလျောက် အသိပေး တိုက်တွန်း
နေလို့ ဖြစ်ပါတယ်။
ဒါကြောင့် ယင်းအမျိုးသမီးများဟာ အမျိုးသားများကဲ့သို့ အရက်၊ ဘီယာများကို သောက်သုံးတယ်လို့ သိရပါတယ်။
Myanmar Express

No comments:
Post a Comment