Saturday, 3 November 2012

"ဦးဏှောက်မပါဘဲ အသက်ရှင်လျှက် မွေးဖွားခဲ့သူ သေဆုံးရှာပြီ"(ဗီဒီယိုဖိုင်)

ဦးဏှောက်မပါဘဲ အသက်ရှင်လျှက် မွေးဖွားခဲ့သူ Nickolas Coke လို့ အမည်ရတဲ့ ၃ နှစ်အရွယ် ကလေးငယ်ဟာ အောက်တိုဘာ ၃၁ ရက်နေ့ (ဗုဒ္ဓဟူးနေ့) က ဗိုင်းရပ်စ်တစ်မျိုးကြောင့် သေဆုံးသွားရှာပြီ ဖြစ်ကြောင်း သိရပါတယ်။
မွေးဖွားပြီး ရက်အနည်းငယ်သာ အသက်ရှင်မယ်လို့ မျှော်လင့်ထားခဲ့ပေမယ့် ၃ နှစ်ကြာအထိ ရှင်သန်နိုင်ခဲ့တဲ့ Nickolas ဟာ anancephaly လို့ခေါ်တဲ့ ဆေးပညာဖြစ်စဉ်တစ်ခုကို ခံစားရရှာတာဖြစ်ပြီး ဦးဏှောက် ကလာပ်စည်း တစ်ခုတည်းသာ ပါရှိပြီး မွေးဖွားလာတဲ့ ဖြစ်စဉ် ဖြစ်ပါတယ်။

အမေရိကန် အမျိုးသား ဆေးပညာဆိုင်ရာ စာကြည့်တိုက်မှ အဆိုအရ anancephaly ဆိုသည်မှာ ဦးဏှောက်နှင့် ဦးခေါင်းခွံတို့ ပုံမှန် ဖွံ့ဖြိုးမှု မရှိသည့် အခြေအနေ ဖြစ်ပြီး သန္ဓေအောင်ပြီး ပထမဆုံး ရက်သတ္တာပတ် အနည်းငယ်အတွင်း အာရုံကြောမကြီး လုံပိတ်မသွားမှုကြောင့် ဖြစ်ရခြင်း ဖြစ်ကြောင်း သိရသည်။

Anencephaly ဟာ တွေ့ရများတဲ့ အာရုံကြောမကြီး ချို့ယွင့်မှုတစ်ခု ဖြစ်သော်လည်း ကိုယ်ဝန်ဆောင်မှု ၁၀၀၀ တွင် ၁ ကြိမ်ခန့်မျှသာ ဖြစ်လေ့ရှိပြီး အများစုမှာ ကိုယ်ဝန်ပျက်ကျလေ့ ရှိသည့်အတွက် ယခုကဲ့သို့ ဦးဏှောက်မပါဘဲ မွေးဖွားလာရန်မှာ မွေးကင်းစ ကလေးငယ် ၁၀၀၀၀ တွင် ၁ ဦးခန့်သာ ဖြစ်နိုင်ချေ ရှိကြောင်းလည်း သိရသည်။

No comments:

Post a Comment