Thursday, 29 November 2012

ဆရာတော် ၁၂နာရီ၄၀မိနစ်တွင် ခွဲစိတ်ခန်းမှ ပြန်ထွက်လာသည်။

ဆရာတော် ၁၂နာရီ၄၀မိနစ်တွင် ခွဲစိတ်ခန်းမှ ပြန်ထွက်လာသည်။

မုံရွာမှ ရောက်လာသော သက်တော်(၆၄)နှစ်ရှိ ဆရာတော် ဦးသိက္ခဥာဏ သည် အရေးပေါ်ဌာနတွင် ၁၁နာရီ၄၀မိနစ် က ခွဲစိတ်ကုသနေသည်။
ဆရာတော်သည် မင်းတိုင်ပင်ကျေးရွာအုပ်စု။ ခေါ်သန္နီတောရကျောင်း တွင် သီတင်းသုံးနေထိုင်ပြီး (၁၂)ဝါ ရှိပြီဖြစ်ကြောင်း သိရသည်။

ဆရာတော်၏ ဒုတိယသားဖြစ်သူ ရောက်ရှိနေကြောင်းသိရသည်။
________________________________________________
“မီးလောင် ဗုံးခွဲတာတော့ မလုပ်သင့်ပါဘူး၊ ။ မီးလောင်ဗုံး မသုံးဖို့နဲ့
မီးလောင်ဗုံး သုံးတဲ့ သူတွေကို ရှာဖွေ ဖော်ထုတ်ပေးဖို့ရယ်။ မီးလောင်ဗုံးက
ဒါမျိုးတွေမှာ သုံးတာ မှားကြောင်းရယ် တောင်းပန်ပေးဖို့ရယ်ပဲ
ကျွန်တော်တော့ တောင်းဆိုချင်ပါတယ် “ဟု လူနာရှင်ဖြစ်သူ ဆရာတော်၏ ဒုတိယသားဖြစ်သူ ဦးနေသူရိန်က ဆိုသည်။

ဆရာတော်မှာ ဆေးစစ်ချက် အရ မီးလောင် ဒဏ်ရာဖြင့် ဆေးရုံ တင်ထားရပြီး
မီလောင် ဒဏ်ရာများအား ခွဲစိတ်ခန်း အတွင်း
ပိုးသတ်သန့်စင်မှုများ ပြုလုပ်ပေးခဲ့ပြီး ယခု အခြေအနေ ကောင်းမွန်ကာ မစိုးရိမ်ရတော့ကြောင်း ၄င်းက ဆိုသည်။

No comments:

Post a Comment